သူ့ကိုမှချစ်မိခိုက်
အပိုင်း(13)"ငါ နေ့လည် ပြန်မလာဘူး"
"ဟင် မလာဘူးလား ဒါဆိုငါ နေ့လည်စာ လုပ်မထားတော့ဘူး"
"အင်း"
ရှိုင်းထွက်သွားလျှင် သူမ ပျော်သွားသည် ။
"ဟား....ဒီနေ့တော့လွတ်လပ်ပြီ"
သူမလုပ်ရမယ့်အလုပ်တွေလုပ်ပြီးလျှင်
"ဘာလုပ်ရင်ကောင်းမလဲ အာ ဟိုတစ်နေ့ကလို TVကြည့်ရမယ်"
သူမ TVဖွင့်၍ ဆိုဖာပေါ်သို့ ဖိထိုင်ချလိုက်သည်။
"အမလေး အညောင်းတွေပြေသွားတာပဲ"
"ဘာကြည့်ရင်ကောင်းမလဲ
အွန် ... သူပဲ အာ ဟိုတစ်နေ့ကကြည့်တဲ့ကား ဒီကားလေးကောင်းသားပဲ ဆက်ကြည့်ဦးမှ"######################
ရှိုင်း ရောက်လာသည်နှင့် ရှုတင်ချက်ချင်းစ၏။
"မင်းသား ရောက်လာပြီး အားလုံးအဆင်သင့်ပြင်မယ်"
ရှိုင်း ရိုက်ကွင်းထဲ၀င်လိုက်လျှင်စန္ဒီကအနားကပ်၍ ခပ်တိုးတိုးမေးသည်။
"ဘယ်လိုလဲ ဒါက အချစ်ဇာတ်၀င်ခန်းနော်"
"ဘာလုပ်ရမှာလဲ"
"ငါတို့ အရင်ကလိုသာဆိုရင် အရမ်းပီပြင်လောက်တယ်"
"ဟက် သရုပ်ဆောင် တစ်ယောက် က အမြဲပီပြင်အောင်သရုပ်ဆောင်နိုင်တယ် အတိတ်နဲ့မပတ်သတ်ဘူး"
"စမ်းကြည့်တာပေါ့ "
"ကဲ မင်းသား မင်းသမီး အဆင်သင့်ဖြစ်ပြီလား "
"ဟုတ်ကဲ့"
စန္ဒီဖြေလိုက်သလို ရှိုင်းလည်းခေါင်းညိတ်ပြလိုက်သည်။
"ကဲ စမယ် 5 4 3 2 1 Go!!"
"ထွက်မသွားပါနဲ့"
"မောင့် ဘ၀ထဲကို အစကတည်းက ကျွန်မမ၀င်ခဲ့သင့်ပါဘူး"
"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ၀င်လာပြီးမှတော့ မောင် နဲ့အတူအဆုံးထိလိုက်ခဲ့ပါ မင်းအဲ့လိုထွက်မသွားပါနဲ့"
နေထွက်ချိန်သာယာတဲ့နံနက်ခင်းတစ်ခုမှ
ကို့ယ်ချစ်သူရဲ့လမ်းခွဲစကားကိုကြားလိုက်ရတယ် ဒါဟာ အတိတ်ကဖြစ်ရပ်လား။
![](https://img.wattpad.com/cover/310953349-288-k848474.jpg)