သူ့ကိုမှချစ်မိခိုက်
အပိုင်း(34)"ဟယ်လို"
"အစ်ကိုလေး စုံစမ်းခိုင်းတဲ့ သူဌေးကတော် သောက်တဲ့ဆေးက စိတ်ငြိမ်ဆေးတွေပါ"
"ဒီလိုဖြစ်မယ်လို့ ထင်တယ်"
"စိတ်ကစဉ့်ကလျား ဖြစ်နေတာ လအနည်းငယ်ရှိပြီတဲ့ "
"တော်သေးတာပေါ့ ငါတို့သိလိုက်တာစောလို့"
"အခုလည်း စစ်ဆေးမှုပြုလုပ်နေပါတယ် ဒီထက်ပိုဆိုးလာမယ်ဆိုရင် စိတ္တဇဆေးရုံကိုပို့ရလိမ့်မယ်တဲ့"
"အင်း အခုဘယ်မှာလဲ"
"ရဲစခန်းမှာပါ "
"အင်း အဖေ့ကိုလည်းဂရုစိုက်လိုက်ပါ"
"ဟုတ်ကဲ့"
#########################
မှုံး ညနေပိုင်းမှာ ဒေါ်ကေသီအောင့်အိမ်သို့ရောက်လာပြီးအိမ်ရှေ့၌ ကိုယ်တိုင်ထွက်ကြိုနေသည့် မေမေ့ကိုမြင်တော့ ရင်ထဲမှာ ၀မ်းနည်းသလို၀မ်းသာသလို ရှုပ်ထွေးတဲ့ခံစားချက်မျိုး
"သမီး "
မှုံးရဲ့လက်ကိုဆွဲလိုက်ကာမျက်ရည်တွေဝဲလာတဲ့ မေမေ့ကို ဖက်ထားလိုက်မိသည်။
"တောင်းပန်ပါတယ် မှုံးတောင်းပန်ပါတယ် မေမေသိရင် လက်မခံဘူးဆိုတာကြိုသိနေလို့ မပြောပြနိုင်ခဲ့တာ"
"မေမေ တာ၀န်မကျေခဲ့ဘူးသမီးရယ် ဒီထက်သေချာအောင် စုံစမ်းပြီးမှ အစားထိုးခဲ့သင်တာ အခု အခု သမီးအပေါ်မှာ မေမေအပြစ်ရှိနေသလိုခံစားနေရတယ်"
"ဟင့်အင်း"
"သမီးကို မေမေလုပ်ပေးချင်တဲ့အရာတွေကအများကြီးပဲ ဒီတော့ အသက်ရှင်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သမီးရဲ့ကျောက်ကပ်တစ်ခြမ်းကိုယူမိခဲ့ပြီ"
"တော်ပါတော့ မေမေရယ် မှုံး ကိုယ်တိုင်မေမေနဲ့အတူရှိချင်သေးလို့ လုပ်ခဲ့တာပဲ"
"အင်း သမီးလာမယ်ဆိုလို့မေမေကိုယ်တိုင် ချက်ထားတာ ညစာစားသွားနော်"
"မေမေ့လက်ရာကိုပထမဆုံးစားဖူးမှာပဲ"
စုစု က ထမင်းစားခန်းထဲတွင်ထမင်းပွဲပြင်ဆင်ပေးလေသည်။အခုအချိန်မှာ အပျော်ဆုံးဖြစ်နေတာက ဒေါ်ကေသီအောင်။အမေလို့တောင်မသတ်မှတ်ဘူး ဆိုတဲ့ သမီးက အခု မေမေလို့ခေါ်ပြီး ကြင်ကြင်နာနာဆက်ဆံနေသည်။
ထိုအချိန်လေးကိုဘာနဲ့မှမလဲနိုင်ပါ။