Part (25) Uni/Zawgyi

8.2K 265 10
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(25)

"ရှိုင်း"

"ဟင်"

ရှုတင်သွားရန် ပြင်ဆင်နေသည့် သူ့ကို လိမ္မော်ရည်ယူလာပေးရင်း

"ဘာလုပ်နေတာလဲ မြန်မြန်လုပ်လေ ရှေ့မှာ မစိမ့်တို့စောင့်နေတယ်"

"အင်းပါ "

"ဘာလဲ ဒီနေ့ကျမှ အနက်ကြီးနဲ့"

"ဒီတိုင်း ဘာရယ်မဟုတ်ပါဘူး"

အနက်၀မ်းဆက်၀တ်နေသည့်အပြင် နက်(ခ်)တိုင် စည်းနေသည့် သူ့အနားသို့တိုးလာကာ

"ငါစည်းပေးမယ် ဒီဘက်လှည့်"
"အင်း"

မနေ့ကတည်းက စိတ်ဒဏ်ရာ တစ်ခုရှိနေတာမို့ မျက်နှာ ကရွှင်ရွှင်လန်းလန်းမဟုတ်ချေ။

"ကဲ ပြီးသွားပြီ ရော့ ဒါလေးသောက်သွားလိုက်"

"အင်း"

သူမပေးတဲ့ လိမ္မော်ရည်ကိုမော့သောက်ရင်း

"နေ့လည် ကိုယ်ပြန်မလာတော့ဘူးနော် "

"ဟင် ဘာလို့လဲ ဒီနေ့  ၂နာရီဆိုရင်ပြီးမယ် ဆို ညီညီကပြောတယ် စန္ဒီ၀င့်ကလည်းမအားလို့တဲ့"

"အင်း အဲ့တာကဟုတ်တယ် ကိုယ်ကသပ်သပ်သွားစရာရှိလို့"

ဘယ်သွားမယ်ဆိုတာမပြောပြကတည်းက
သူမပြောပြချင်လို့နေမှာပါ တစ်ကိုယ်လုံးအနက်တွေ၀တ်ထားတော့ သူ့အမေဆီသွားဖို့လည်းဖြစ်နိုင်တာပဲ။

"အင်း အေးအေး ဆေးဆေး မှပြန်ခဲ့နော် "

"မင်းရောသွားစရာမရှိဘူးလား"

"အင်း ထွေထွေထူးထူးမရှိဘူး နင့်ရဲ့အိပ်ယာခင်းလဲရမယ် အ၀တ်လျှော်ရမယ် ဒါလောက်ပဲ"

"အရမ်းကြီးအပင်ပန်းမခံနဲ့ ကိုယ်သွားတော့မယ်"

"အင်း  တာ့တာ"

#########################

"ဘာလဲ ဒီနေ့ all blackနဲ့ပါလား"

စန္ဒီ့အသံကြားရုံဖြင့် အာရုံနောက်မိသည်။

"ဒီနေ့ ကိုခန့်ရဲ့မိသားစုနဲ့သွားတွေ့ရမှာ အဲ့တာကြောင့် ရှုတင် ဖျက်ခိုင်းတာ"

သူ့ကိုမှ ချစ်မိခိုက် (OC) CompletedOù les histoires vivent. Découvrez maintenant