သူ့ကိုမှချစ်မိခိုက်
အပိုင်း(6)"ဟဲ့အစ်ကိုလေးကအရင်တုန်းက Lunchကို အိမ်ပြန်မစားဘူးမလား"
"အင်း ကျွန်တော် တစ်ခါမှမကြုံဖူးဘူး"ညီညီနဲ့မစိမ့်သည် ရှိုင်းစကားကိုကြားပြီးခပ်တိုးတိုးအချင်းချင်းပြောကြသည်။
မှုံး ကပိုက်ဆံအထပ်လိုက်ကိုင်၍
"အင်း ၀ယ်ထားလိုက်မယ် ဘယ်ချိန်လောက်ပြန်လာမှာလဲ စားဖို့ချက်ထားရအောင်လို့"
"မသိဘူး ဖုန်းဆက်လိုက်မယ် ငါပြန်လာတာနဲ့ အားလုံးအသင့်ဖြစ်ရမယ် "
"ဟမ်"
ဘယ်ချိန်မှဖုန်းဆက်ပြီး ငါကဘယ်အချိန်ချက်ရမှာလဲ တကယ် လူ့ဂွစာ ပဲ။
"အာ... ကျန်သေးတယ် ငါ့အခန်းထဲကိုသန့်ရှင်းရေးလုပ်ထား"
"ဟမ် နေ့လည် ပြန်လာမယ့်ဟာကို အခန်းသန့်ရှင်းရေး ပြီးတော့ စျေး၀ယ် နေ့လည်စာလည်း ပြီးအောင်လုပ် ဘယ်လိုလုပ်ပြီး ပြီးမှာလဲ"
"မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင်အလုပ်ထွက်!"
အစကတည်းက သူမကို အလုပ်ထုတ်ရဖို့ပဲခေါင်းထဲရှိသည်မို့ တစ်လပဲသည်းခံပြီး လူသစ်ရှာမည်။ သူမထွက်ရင်ပြီးရော ဆိုပြီး ခိုင်းချင်ရာခိုင်း သူမရဲ့သည်းခံနိုင်စွမ်းကိုစမ်းသက်နေသည်။
"ဘယ်လိုလုပ်ပြီးမှာလဲ အခုပဲ၈နာရီခွဲနေပြီ နင်က ဘယ်အချိန်ပြန်လာမယ်ဆိုတာလည်းမပြောဘူး ငါဘယ်ဟာအရင်လုပ်ထားရမှာလဲ"
"မလုပ်နိုင်လည်း ပြီးအောင်လုပ်ပေါ့ ဒါ မင်းအလုပ်ရှင်ရဲ့ အမိန့်ပဲ ဖိနပ် အတွက် အဲ့လောက်တော့လုပ်ပေးသင့်တယ်မလား မင်းရဲ့လုပ်အားခ ၁၀နှစ်စာ နဲ့တောင်၀ယ်လို့မရဘူး"
မှုံး နှာခေါင်းရှုံ့ကာ ပိုက်ဆံအထပ်ကြီးကိုစားပွဲပေါ်သို့ပစ်ချလိုက်၏။ ညီညီနဲ့မစိမ့်က မှုံးကိုသနားသလိုကြည့်နေသည်။ ရှိုင်းက အပြင်ရောက်တဲ့ထိ သူတို့၂ယောက်ထွက်မလာတာကြောင့်
"ဘာလဲ အလုပ်ပြုတ်ချင်လို့ သူ့ကိုကြည့်နေတာလား ခုထိထွက်မလာသေးဘူးလား"
"ရှင် လာပါပြီ လာပြီ အစ်ကိုလေး"
မစိမ့်ကပြေးထွက်သွားလျှင် ညီညီလည်း