Unicode >>>>>
ဖြေးညင်းစွာ တိုက်ခတ်နေသော လေပြေလေးများ
ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာဖြတ်ပြေး နေမှုကိုခံစားနေရသည် ။
ကျေးငှက်လေးများ၏ တကျီကျီအသံလေးများကိုလဲ နားထဲတွင် တစ်ချက်တစ်ချက် ကြားနေရသေးသည် ။
ပိတ်ထားသော မျက်ခွံလေးများကို ဖြေးညင်းစွာဖွင့်ကြည့်လိုက်တော့ ပထမဆုံးအလင်းရောင် စူးစူးလေး များက အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏ ။
စူးရှသော အလင်းရောင်လေးများကို အန်တုကာ အားယူထကြည့်လိုက်သည် ။ဘေးပတ်ဝန်းကျင်တစ်ခုလုံးတွင် အစိမ်းရောင်မြက်ခင်းပြင်ကြီးသာ နေရာယူထားပြီး ထိုမြက်ခင်းပြင်ပေါ်တွင် ကျနော်တစ်ဦးတည်းသာ တည်ရှိနေသည် ။
ဦးတည်ချက်မရှိ ဘယ်အရပ် ဘယ်မျက်နှာကို မှမရည်ရွယ်ဘဲ အဆုံးမရှိ ပေါက်ရောက်နေသော မြက်ပင် စိမ်းစိမ်းလေးများကိုသာ ဖြတ်နင်းလျှောက်နေမိသည် ။
အတန်ကြာလျှောက်ပြီးချိန် မြက်ခင်းပြင် ကျယ်ကျယ် ကြီးထဲမှာမှ လူသွားလမ်းပြေပြေလေးကို တွေ့လိုက်ရသည် ။>>>>>>>>
လမ်းလေးအတိုင်း အချိန် အတော်ကြာ လျှောက်လှမ်း လာခဲ့လိုက်ပီး လမ်းလေးဟာ တောင်ကုန်းလေး တစ်ခုဆီသို့ ဦးတည်နေခဲ့သည် ။
တွေဝေခြင်းမရှိဘဲ ထိုတောင်ကုန်းလေးပေါ်သို့ တက်လာခဲ့လိုက်ရာ
အပေါ်ရောက်တော့ ကျနော့်ခြေထောက် အစုံကို စုံချရပ်လိုက်မိ၏ ။
ကျနော့် မျက်နှာချင်းဆိုင်အရှေ့တည်တည်၌ ကျောပေးရပ်နေသော ကောင်မလေးတစ်ယောက် ရှိနေခဲ့သည် ။အဖြူရောင် ဒူးဖုံးဂါဝန်လေးကို ဝတ်ဆင်ထားပီး ၊
ပိတုန်းရောင် ကျောလယ်ထိ ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေဟာ ပျော့ပျောင်းလွန်း၍ လေတိုက်တိုင်း ယိမ်းနွဲ့နေသည် ။
မြက်ခင်းစိမ်းစိမ်း ပေါ်တွင် ရပ်နေသော ဖြူဖြူဖွေးဖွေး အသားအရည် ပိုင်ရှင် မိန်းကလေး ........
ကျနော် အရမ်းရင်နှီး ခဲ့ဖူးသောကျောပြင် ပိုင်ရှင်လေး..
နောက်ပီး ကျနော် အမြတ်တနိုးခေါ်နေကျ နာမ်စားလေးတစ်ခု....." 'မ'..........."
ကျနော့်ခေါ်သံအဆုံး သူမသည် ဖြေးညင်းစွာ ကျနော့်ဘက်သို့ လှည့်ကြည့် လာခဲ့သည် ။
ကျနော် သဘောကျခဲ့ ရတဲ့ မျက်ဝန်း နက်နက်လေး..
ကျနော် စွဲလမ်း ခဲ့ရတဲ့နှုတ်ခမ်း ပါးပါးလေး...
ကျနော် အရမ်းလွမ်း နေခဲ့ရတဲ့ မျက်နှာပိုင်ရှင် လေး
ကျနော်မြတ်နိုးခဲ့ရပါသော ကောင်မလေးကို
ကျနော် ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘဲ သူမဆီအပြေးလေးသွားပီး တင်းကြပ်နေအောင် ဖက်ထားမိသည် ။
အရမ်းလွမ်းနေခဲ့ရဝာာ...
အရမ်းသတိရနေခဲ့တာ....
အရမ်းလဲတွေ့ချင်နေခဲ့မိတာ..
နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ....
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #