Unicode >>>>>
"ဟာ.....မမ..အစောကြီးပဲ လာတာလား ကျနော်က နေ့လည် လောက်မှလာမယ် ထင်တာ"
"ဟုတယ်.....လင်းနဲ့ မနက်စာ အတူတူ စားရအောင် စောစော ထွက်လာလိုက်တာ "
"အော်....ဒါနဲ့ မိတ်ဆက် ပေးရ အုံးမယ် မမ သူကကျနော့် ငယ်သူငယ်ချင်း ဇော်တဲ့ ..ကျနော်နဲ့အတူနေတာ"
လင်းရဲအလိုက်သတိ မိတ်ဆက်ပေးမှုကြောင့် သူနဲ့ ကျွန်မကြား ရင်းနှီးမှု လမ်းစလေး ပွင့်သွားခဲ့ တော့သည် ။
"ဇော်...မမက ငါ့အမဝမ်းကွဲ နန္ဒီတဲ့ ငါတို့ထက်၃နှစ်ကြီးတယ် "
" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ "
နှုတ်ဆက်တာက မျက်နှာထား တည်တည်နဲ့ တကယ်ရော ဝမ်းသာရဲ့လား မသိဘူး ။
" တို့လဲ ထပ်တွေ့ရတာ ဝမ်းသာပါတယ် ဟိုတစ်ခါကူညီ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ်...ကျနော်က အမြင်မတော်လို့ ကူညီပေးရုံပါ "
အမြင်မတော် လို့ကူညီ ပေးရုံ တဲ့လား ....
မင်းရဲ့ အမြင်မတော် တာလေးကြောင့် တို့နှလုံးသားက ဆောက်တည်ရာ မရဖစ်နေ ခဲ့ရပီ ။
အမှတ်တ မဲ့ကနေ အမှတ်တရဖစ်သွား ရတဲ့ မင်းရဲ့ လုပ်ရပ်လေးကြောင့် တို့ရင်ခုန်ခဲ့ရတယ် ...
ရင်ခုန်ရင် အချစ်တဲ့.....
အခုမှနှစ်ကြိမ်သာ ဆုံတွေ့ဖူးတဲ့ လူတစ်ယောက်ကို ချစ်မိသွားတာ သူများကြားရင် ရယ်စရာ ဖစ်နေမလား ။"မမတို့က သိနေကြတာလား ကျနော်မိတ်ဆက်ပေးတာတောင် နောက်ကျသွားပီ"
"ဆုံဖူးရုံလေးပါ...အခုလင်း မိတ်ဆက်ပေးမှ သေချာသိရတာ"
"ဟုပါပီဗျာ....မနက်စာသွားစား ရအောင်လေ တိုက်ဘေးမှာ ကျနော်တို့ ထိုင်နေကျ ကော်ဖီဆိုင်ရှိတယ် အဲ့ဘဲသွားထိုင်ရအောင်လေ မမအဆင်ပြေတယ်မလား"
"ရပါတယ်..အဆင်ပြေတယ်"
ကော်ဖီဆိုင်က တိုက်ဘေးမှာဘဲ ဆိုတော့ သုံးယောက်သား လမ်းလျှောက်သာ ထွက်လာကြသည် ။
ဆိုင်ထဲရောက်တော့ မှာစရာရှိတာ မှာအပြီး...
လင်းနဲ့ ကျွန်မကသာ စကားတွေ အဆက်မပြတ် ပြောနေသော်လည်း သူကတော့ တစ်လုံးမှ ဝင်မပြောချေ ။
YOU ARE READING
My Sunshine
Ngẫu nhiênမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #