Part.5(Unicode+Zawgyi)

1.1K 68 1
                                    

Unicode>>>>>>

"ဟယ်....ဖြူ ..လူကြည့် ဘဲလား ပစ္စည်း တွေရော၊ဘာမှ မပါဘူးလား "

"အမတော်...လှူပါ တယ်ဆို ငါကဘာမှယူမလာဘဲ သွားမလား...ပစ္စည်းတွေက တခြားကားနဲ့ဟိုရောက်နေပီ လူသွားဖို့ပဲ ကျန်တော့တာ "

"အော်....ဒါဆိုလဲ သွားကြတာပေါ့ "

ကားလေးကို မိဘမဲ့ဂေယာဆီသို့သာ မောင်းလာခဲ့လိုက်သည် ။
မိဘမဲ့ဂေယာ ရောက်တော့ ဂေယာမှူးက ထွက်ကြိုနေလေသည် ။
ကျမနဲ့ဖြူက ဂေယာမှူးနဲ့ လိုအပ်တာလေး တွေတိုင်ပင်ဆွေးနွေးရန် ဂေယာထဲသို့သာ ဝင်လာခဲ့ကြသည် ။
လင်းတို့နှစ်ယောက် ကတော့ ကားပေါ်က ပစ္စည်းများကို ကူချပေးရင်း အပြင်မှာသာ ကျန်ရစ်ခဲ့သည် ။

ဟောခန်းလို နေရာတွင် ခုံတန်းရှည်လေးများကို အစီအရီချထားသည် ။
ကလေးများက ထိုခုံတန်းရှည်များတွင် အတန်းလိုက် နေရာဝင်ယူ ကြသည် ။
ကျမတို့ ဝင်လာတာ မြင်တော့ ကလေးများက အဖြူစင်ဆုံး အပြုံးများဖြင့် နှုတ်ဆက်ကြသည် ။

ကလေးတွေကို လိုအပ်သော ပစ္စည်းများနှင့် စားစရာများ လိုက်ဝေပီးသောအခါ ကျမတို့ကို ကျေးဇူးတင်ကြောင်းနဲ့ ဆုတောင်း စကားတို့ကို သုံပြိုင်ရွတ်ဆို ပေးကြသည် ။
ထို့နောက် ကလေးများ တန်းစီပီးထလာကြကာ ကျမတို့ကို တစ်ယောက်ချင်းဆီ လက်ဆွဲနှုတ်ဆက်ကြ၏ ။

အခန်းထဲဝင်လာကတည်းက ကလေး တွေရဲ့အနောက်ဘက် ခုံတန်းအလွတ်မှာ ထိုင်နေတဲ့ ဇော်တစ်ယောက် ကတော့ လက်ဆွဲ နှုတ်ဆက်ပီးကြသည်အထိ ထိုင်နေရာမှ တဖဝါး မှမရွေ့။
အားလုံးပီးသွားတော့ လင်း အော်ခေါ်မှသာ ကျမတို့အနားရောက်လာ ခဲ့သည် ။

"ကိုကိုရီး....သားသားကို ချီပ့လားဟင်..."

ကလေးလေးတစ်ယောက် ဇော့်ဘောင်းဘီလေးကိုဆွဲပီး မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် သူ့ကိုချီခိုင်းနေသည် ။
ဇော်ကတော့ မျက်မှောင်ကြီးကြုံ့ပီး ကလေးလေးကို စိုက်ကြည့် နေခဲ့တယ် ။

ကျမကိုလဲ မနက်‌က စတွေ့တော့ မျက်မှောင်ကြီးကြုံ့ပီးကြည့်တာ ၊ အခုလဲ ကလေးလေးကို အဲ့လိုကြီးကြည့် နေပြန်ပီ ။
ကလေးလေးက ကြောက်သွားလို့ ထင်ပါရဲ့ မျက်နှာလေး ငိုမဲ့ငိုမဲ့ ဖြစ်နေသည်။

 My Sunshine Where stories live. Discover now