မနက်ခင်းမှာ ကျရောက်လာတဲ့ နေရောင်ခြည် နွေးနွေးလေးများ၊
ကျေးငှက်လေးများ၏ တီးတိုး အော်မြည်သံ များနှင့် နိုးထ လာရသော ဒီမနက်ခင်းလေးဟာ ကျွန်မအတွက် သာယာမှု မရှိနိုင်ပါ ။တစ်ညလုံး စဉ်းစားပီး ချခဲ့ရတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်သင့်တာတွေ လုပ်ရအုံးမည် ။
တစ်စုံတစ်ယောက်အတွက် စဉ်းစားပီး ချခဲ့ တဲ့ ဆုံးဖြတ်ချက်က တစ်စုံတစ်ယောက်ကိုဘဲ နာကျင် စေမှာ ဖြစ်တဲ့အတွက် ကျွန်မစိတ်တွေထဲ အရမ်း မွန်းကြပ် နေရသည် ။ကျွန်မ တစ်ကိုယ်လုံးက အားတွေမရှိတော့အောင် ကျွန်မ ခန္ဓာကိုယ်ဟာ အရမ်းပင်ပန်း နေပီ ၊
ငိုရလွန်းလို့ မျက်လုံးများဟာလဲ ကျိမ်းစပ် နေခဲ့ပီ ၊ခုတင်ပေါ်ကနေ ဖြေးညင်းစွာ ဆင်းလိုက်ပီး ပြတင်း ပေါက်နားရပ်ကာ အပြင်ဘက်က ရှုခင်းကို ငေးကြည့် နေမိသည် ။
ဒါပေမဲ့ အကြည့်နဲ့ အသိက တခြားစီ ဖြစ်နေပီး စိတ်နဲ့လူကလဲ အတူရှိ မနေ....
အသက်မရှိတဲ့ လူတစ်ယောက်လို ခံစားချက်တွေ ကင်းမဲ့ နေသည်
.... မဟုတ်ဘူး... ခံစားရတာ များပီး ထုံကျဉ် နေခြင်းဖြစ်သည် ။ခဏအကြာ မလှုပ်မယှက် ရပ်နေမိပီး အတွေးထဲ ဖျတ်ကနဲ့ ဝင်လာတာက ဒယ်ဒီ......
ဒယ်ဒီ့အတွက် မနက်စာလေး ကိုယ်တိုင် ပြင်ပေးချင်တာကြောင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။" ဒေါ်တင် .... သမီး ကိုယ်တိုင် ဒယ်ဒီ့ကို မနက်စာပြင်ပေးချင်လို့... ဒေါ်တင် အခြားလုပ် စရာရှိတာ သွားလုပ်လိုက်ပါ...."
" ဟုတ်ပီ...ဒါဆို ... ဒေါ်တင် ဈေးသွားလိုက် တော့မယ် "
ဒေါ်တင် ထွက်သွား ပီး........
ရေခဲသေတ္တာ ကိုဖွင့်ကြည့် လိုက်တော့ အသီးအရွက် တချို့ကို တွေ့ရသည် ။
ဘာလုပ်ပေးရမလဲ စဉ်းစားနေတုန်း မာမီ ကြော်ကြွေးဖူးတဲ့ ထမင်းကြော်လေးကို သတိရလိုက် မိသည် ။
ဒယ်ဒီ့ကို မာမီ ကြော်ကြွေးဖူးတဲ့ ထမင်းကြော်လေး ကြော်ကြွေး လိုက်မယ်လို့ စိတ်ကူး လိုက်ပီး အသီးအရွက် များကို စတင်လှီးချွတ် တော့သည် ။
စိတ်ပါ လက်ပါနဲ့ အားလုံး ပြင်ဆင်အပီး ဒယ်ဒီ ဆင်းလာမဲ့ အချိန်ကို စောင့်နေလိုက်သည် ။
မကြာပါ ခဏနေတော့ ဒယ်ဒီ ဆင်းလာခဲ့သည် ။
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #