အခန်းထဲ ရောက်တာနဲ့ နံရံမှာ မှီထိုင်ချပီး ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်ကာ စိတ်ရှိတိုင်း ငိုကြွေးနေ မိသည် ။
ကျွန်မ မျက်လုံးတွေထဲ 'မောင့်'ပုံရိပ် လေးတွေကိုဘဲ မြင်ယောင် နေမိသည် ။
' မောင့်'ကို ဘယ်လို ရှင်းပြ ရမလဲ ...
'မောင်'ရော ခွင့်လွှတ် နိုင်ပါ့ မလား ။
ဟင့်အင်း... 'မောင်' ခွင့်မလွှတ်ရဘူး ။
'မောင့်'ဆီကနေ ခွင့်လွှတ်မှု တောင်းခံဖို့ကို အကြောင်း မရှိတာ ။
'မ'.....'မ'က ....'မောင်'နဲ့တောင် မတန်တော့ဘူး ။ 'မ'ရဲ့ဘဝက ပျက်စီး သွားခဲ့ပီ......။
စိတ်ထဲမှာ အော်ဟစ် ပေါက်ကွဲနေ ပေမဲ့ ပါးစပ်ဖျား ကိုတော့ စကားတစ်လုံးမှ ထွက်မကျ လာခဲ့... မျက်ရည်တွေသာ အဆက်မပြတ် ပါးပြင်ပေါ်ကို စီးကျနေခဲ့သည် ။📲📲📲📲📲🎶🎶🎶🎶
ဝင်လာတဲ့ ဖုန်းကို ကောက်ယူ လိုက်ပေမဲ့ ကိုင်လိုက်ခြင်း မရှိဘဲ ဖုန်းမျက်နှာပြင် ကိုသာ အကြောင်းအရင်းမဲ့ ငေးကြည့် နေမိသည် ။
ငေးနေသည့် ကြားမှာဘဲ မြည်နေတဲ့ ဖုန်းသံလေးဟာ တိတ်ဆိတ် သွားခဲ့သည် ။
မကြာပါ ... နောက်တစ်ခါ ထပ်မြည် လာခဲ့သည် ။
ဒီတစ်ခါလဲ ကျွန်မ ကိုင်လိုက် ခြင်း မရှိဘဲ ငေးကြည့် နေတုန်း .......
ဆက်တိုက် ဝင်နေတဲ့ ဖုန်းသံဟာ တစ်ဖက်လူ ဘယ်လောက် စိတ်ပူနေမယ် ဆိုတာ ကျွန်မသိပါသည် ။
နောက်ဆုံး စိတ်ကို အားတင်းကာ ကိုင်လိုက်သည် ။* 'မ'.. နေမကောင်းဘူးလား... 'မောင်'ဖုန်း ခေါ်နေတာ ကြာလှပီ ..
'မ' ..ဖုန်းခေါ်မဲ့ အချိန်ကို 'မောင်'စောင့်နေတာ .. မနေနိုင်တော့လို့ ...
'မောင်' ခေါ်တော့လဲ 'မ'က တော်တော်နဲ့ မကိုင်ဘူး.. ' မောင်' ဘယ်လောက် စိတ်ပူလိုက်ရလဲ 'မ'သိရဲ့လား.."ဒေါသသံ မပါဘဲ တကယ် စိတ်ပူနေလို့ အဆက်မပြတ် ပြောနေတဲ့ 'မောင့်' စကား တွေကြောင့် ဖြစ်ခဲ့သမျှ ကိစ္စတွေကို ခဏမေ့ပီး ကျွန်မ ပြုံးလိုက် မိသည် ။
ကျွန်မ ခဏ ဖုန်းလေး မကိုင်တာတောင် 'မောင်' ဒီလောက် စိတ်ပူနေတာ ကျွန်မသာ 'မောင့်'အနားက ထွက်သွားရင် 'မောင်' အရမ်းနာကျင် ရမှာဘဲ ။
'မောင့်' အသံလေးကြောင့် တိတ်သွားခဲ့တဲ့ မျက်ရည်တွေဟာ 'မောင့်' အတွက်နဲ့ ပြန်စီးကျလာခဲ့သည် ။" 'မ'...ဖုန်းသံ မကြားလိုက်လို့ပါ..."
ငိုထားတဲ့ အရှိန်ကြောင့် တုန်ရီနေတဲ့ အသံကို အတတ်နိုင်ဆုံး ထိန်းပြောလိုက်ပေမဲ့....
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #