Unicode>>>>>
ရုတ်တရက်နန္ဒီ အော်သံကြောင့်............
"ဘာဖြစ်တာလဲ..နန္ဒီရယ်.အလန့်တကြားနဲ့"
နန္ဒီ့မျက်နှာလေးရှုံ့မဲ့ နေကာ တခုခုကိုစိုးရိမ် နေဟန်ဖြင့်....
"ငါ......ဟို.. ဟိုဟာ..လာနေပီထင်တယ်"
လမ်းလျှောက် ယုံဘဲဆိုပီး ပိုက်ဆံအိတ် ပင်ယူမလာ ။
ကားနဲ့ကလဲ တော်တော် လေးလှမ်းသည် ။
ဝတ်ထားတာ စကပ်အဖြူရောင် ဆိုတော့ သူငယ်ချင်းနှစ်ယောက်ပြာ နေကြသည် ။"အကူအညီလိုနေတယ်ထင်လို့"
အသံလာရာကို အကြည့်ပို့လိုက်ရာ အင်္ကျီလေးကမ်းပေးနေသော ယောင်္ကျားလေးတစ်ယောက်.. ယောကျာ်းလေး ဖစ်နေသည့် အတွက် နန္ဒီတစ်ယောက်မျက်နှာပူကာ ခေါင်းငုံ့သွား ခဲ့ရသည် ။
"မရှက်ပါနဲ့ဗျ..... ကျနော်လဲ မိန်းကလေးတစ်ယောက်ပါ "
သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ခေါင်းပြန်မော့ပီးသေချာကြည့် လိုက်ရာ...
T.shirtအနက် လေးကို ဂျင်းဘောင်းဘီ နက်ပြာလေးနဲ့ တွဲဖက်ဝတ်ဆင် ထားသော ကောင်လေးမဟုတ်တဲ့.........
အရပ်ခပ်မြင့်မြင့်နဲ့ ဆံပင်ကို ခပ်အုပ်အုပ်လေး အရှေ့သို့ချထားသည် ။
မျက်ခုံးထူထူ ၊မျက်လုံးဝိုင်းဝိုင်း လေးထဲမှာမှ မျက်ဆံနက်နက်လေးနဲ့ ချစ်စရာအတိ....
နှုတ်ခမ်း သေးသေးလေး
နှာတံချွန်ချွန် လေးတို့မှာ မျက်နှာကျနှင့် အလွန်ကြည့် ကောင်းလှသည် ။အကျီကမ်း ပေးလာသော ဖြူဖြူ ဖွေးဖွေး လက်မှာလဲ အကြော စိမ်းလေးများထောင် နေသည်မှာ အူယားစရာ ကောင်းလှသည် ။
တစ်ကိုယ်လုံးမှာ မိန်းကလေးနဲ့ တူသည့် နေရာတစ်နေရာမှ မရှိသည့် ထိုလူကို သူကိုယ်တိုင်မှ မပြောလျှင် မည်သူကများ မိန်းကလေး ဆိုတာ သိနိုင်မည်နည်း ။"ကျေး .... ကျေးဇူး ..တင်ပါတယ် "
ကမ်းပေးနေသော အကင်္ကျီလေးကို လှမ်းအယူ သူ့လက်လေးနှင့် မတော်တဆ ထိမိသွားတဲ့ တခဏမှာ ကျွန်မ ရင်ဘတ်ထဲတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရသည် ။
မူမမှန်တော့တဲ့ ရင်ဘတ်ကြောင့် စကားတွေပင် ထစ်ထစ်ငေါ့ငေါ့ဖြင့် ထွက်သွားခဲ့ရသည် ။
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #