ဒေါက်..ဒေါက်...ဒေါက်...
"ဝင်ခဲ့ပါ..."
ဝင်လာပေမဲ့ ဘာစကားမှမပြောလာ သောကြောင့် စာရင်းတွေ စစ်နေတဲ့ကြားက မော့ကြည့်လိုက်ရာ
တံခါးနားမှာ လက်နှစ်ဖက်ကိုပိုက်ကာ ကျွန်မကို ပြုံးပြုံးကြီး ကြည့်နေသော 'မောင်'ကြောင့် အရှက်သည်းစွာ မျက်နှာလွှဲလိုက်ရသည် ။
မောင်နဲ့အကြည့်ချင်း ကြာကြာမဆုံနိုင် ..မောင့်ရဲ့အကြည့်တွေက စူးရှလွန်းတယ် ။" 'မောင်'.... ဘာလို့ အဲ့မှာရပ်နေတာလဲ...ဝင်ထိုင် တာမဟုတ်ဘူး.."
" 'မ' ..အလုပ်လုပ်နေတဲ့ ပုံလေးကို သဘောကျလွန်းလို့ "
ရှပ်အကျီ လက်ရှည် ရောင်စုံကို စကပ်နဲ့ဖစ်ဖစ် ဘောင်းဘီနဲ့ ဖစ်ဖစ် အမြဲတွဲဝတ်တတ်တဲ့ 'မ'ရဲ့ ရိုးရှင်းတဲ့ပုံစံကို တကယ် သဘောကျသည် ။
ကျောလည်ထိရှည်လျားတဲ့ ဆံနွယ်တွေကို အမြဲစည်းနှောင်ထားတတ်တဲ့ မဟာ သဘာဝဆန်စွာ လှသည် ။
မိတ်ကပ်ခြယ်သထားခြင်း မရှိတဲ့ မရဲ့မျက်နှာ ပြောင်ရှင်းရှင်းလေးက အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှုရှိသေးသည် ။" 'မောင်'ကတော့ မြှောက်နေပြန်ပီ...ပြောပါအုံး...ဒီအချိန်ကြီး ဘာကိစ္စ ရှိလို့လဲ..."
လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး မောင့်ဘေးမှာ ဝင်ထိုင်လိုက်သည်။
" 'မောင့်' ကလေးမလေးက..အလုပ်တွေဘဲ တဇွတ်ထိုးလုပ်နေပီး နာရီမကြည့်ဘူး ထင်တယ် ..၅နာရီ ထိုးနေပီ..မရဲ့
'မောင့်'ရုံး ဆင်းချိန် ရောက်ပီလေ..."'မောင်' ပြောမှ နာရီ ကြည့်မိသည် ။
စာရင်းတွေ မမှန်လို့ ပြန်ပြန် စစ်နေရင်း အချိန်တွေ ကုန်လို့ ကုန်မှန်း တောင်မသိ..." ဟုတ်သား...၅နာရီတောင် ကျော်နေပီ.. မနက် ကတည်းက အလုပ်တွေရှုပ်နေတာ..အခုလဲ စာရင်း တွေ မမှန်သေးလို့ ပြန်စစ်နေတာ.."
" မပြီးသေးဘူးလား......
လာ...'မောင်' ကူလုပ်ပေးမယ်...မနက်ကတည်းက လုပ်နေရတာ မောင့်ကလေးမလေး ပင်ပန်းနေတော့မှာဘဲ "ခေါင်းလေးကို အသာပုတ်ပြီး ချွဲနွဲ့စွာ ပြောလာတဲ့ မောင့်ပုံစံလေးကို မြတ်နိုးသည် ။
မောင်ဟာ ကျွန်မပထမဆုံးရင်ခုန်ရတဲ့သူဖြစ်သလို မောင်ဟာ ကျွန်မရဲ့အချစ်ဦးလဲဖြစ်သည် ။
ကျွန်မရဲ့ ပထမဆုံးဆိုတဲ့အရာတွေကို မောင့်ကိုဘဲပေးချင်တယ် ၊ မောင့်ကြောင့်ဘဲဖြစ်ပေါ်စေချင်တယ် .......
မောင်ရဲ့အတိတ်မှာ ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိအချိန်မှာတော့ မောင့်ကိုပျော်ရွှင်စေချင်တယ် ။
YOU ARE READING
My Sunshine
Разноеမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #