မီးရောင်စုံတွေကြားထဲမှာ ဆူညံစွာ ကခုန်နေကြတဲ့ သူတွေအများကြီးကို တွေ့ရသည် ။
ကျနော် အခုရောက်နေတာ club တစ်ခု
တစ်သက်နဲ့ တစ်ကိုယ် ခြေဦးတောင်မလှည့် ဖူးတဲ့ နေရာကို တစ်ယောက်သော သူအတွက် ကျနော် ရောက်ရှိ နေရသည် ။စားပွဲဝိုင်း တစ်ခုမှ မိန်းကလေး တစ်ယောက် ကျနော့် ကို လက်လှမ်း ပြနေသည် ။
သေချာ ကြည့်လိုက်တော့ 'မ'ရဲ့ သူငယ်ချင်း 'မဖြူ' ...ဘေးမှာ တခြားသူတွေလဲ ရှိနေပေမဲ့ ကျနော်မသိ။
ကျနော် ထိုစားပွဲဝိုင်းကို လျှောက်သွားလိုက်တော့ တွေ့ပါပီ...ကျနော့်ရဲ့ အမူးသမားလေး......." ဘယ်လောက်တောင် သောက်ထားလို့ ဒီလောက် မူးနေရတာလဲ.."
" 'နန္ဒီ' က..အများကြီး မသောက် ပါဘူး.. နည်းနည်းဘဲ သောက်တာ ..."
ဘယ်သူ့ကိုမှ ကြည့်ပီး မေးလိုက်တာ မဟုတ်ပေမဲ့ 'မဖြူ'ကတော့ ဖြေပေး ရှာသည်....
နည်းနည်းဘဲ သောက်တဲ့ သူက ခေါင်းမထောင်နိုင်အောင် မှောက်နေရတယ်လို့...." ဟုတ်ပါပီ..ဒါဆို ..ကျနော် 'မ'ကိုခေါ်သွား လိုက်တော့မယ်"
"အင်း...အမကူတွဲ ပေးရအုံးမလား."
" ဟုတ် ...ကားနားထိ တစ်ချက်လောက်.."
အမူးသမား လေးက ခေါ်လာတာကို အငြိမ် မလိုက်
တော်သေးတာပေါ့ 'မဖြူ' လိုက်လာ ပေးလို့သာ ကားနားထိ ရောက်လာတာ
တစ်ယောက် ထဲဆို မလွယ်ဘူး။
ပါးစပ်ကလဲ ပြောနေတာ ဘာတွေပြောနေလဲ တော့မသိ။
ကားပေါ် မှာတော့ ငြိမ်ငြိမ်လေး လိုက်လာလို့ တော်သေးသည် ။" ဟာ...သမီး ..ဘယ်လို ဖြစ်လာ တာတုန်း"
'မ'ရဲ့ အခု ပုံစံက ကျနော် တွဲပေး ထားတာတောင် ခေါင်းက အောက်ငိုက် စိုက်ကျနေတာ
အန်ကယ် စိတ်ပူ မယ်ဆိုလဲ ပူချင်စရာ တကယ့် ခေါင်းမထောင်နိုင်အောင်ကို သောက်ထား တဲ့ပုံစံနဲ့။" 'မဖြူ'ဖုန်း ဆက်လာလို့...ကျနော် သွားခေါ် လာတာ"
" အေး..တစ်ခါမှလဲ မသောက် ဖူးဘဲနဲ့..."
" ဟုတယ်..'မ'က..နည်းနည်း ဘဲသောက်တာ လို့တော့ပြောတယ်...."
" အေးအေး...အန်ကယ် ကူတွဲပေးရအုံးမလား.."
YOU ARE READING
My Sunshine
Acakမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #