ဆုံးရှုံးခြင်းတွေနဲ့ နေသားကျနေ ခဲ့ပေမဲ့ ဒီတစ်ခါ ဆုံးရှုံး လိုက်ရတာက အရမ်းခံပြင်းဖို့ကောင်းတာဘဲ။
နောက်ဆုံး အချိန်ထိ အဆုံးရှုံး မခံနိုင် တော့တဲ့ သူကိုမှ ကျနော့်အနား ကနေ ဆွဲခေါ် သွားရက်တယ်။အဆုံးသတ် ဇာတ်သိမ်းဟာ ဒီလောက်ထိ အကျည်းတန် မယ်မှန်း သိခဲ့ရင် ... ကျနော် ကိုယ်တိုင် စခဲ့မှာ မဟုတ်ဘူး ။
*******************************
"ဆရာ ....ဆရာ့ကို တွေ့ချင် လို့တဲ့..အမျိုးသမီး တစ်ယောက် တွေ့ခွင့်တောင်း နေတယ်.."
"ဝင်လာခိုင်းလိုက်"
"ဟုတ်ကဲ့...ဆရာ.."
တံခါး ကိုဖွင့်ပီး ဝင်လာတဲ့ အမျိုးသမီးကိုတစ်ခါမှ မတွေ့ဖူး ။
လှတယ်....တွေ့ခဲ့ဖူးသမျှ မိန်းမတွေ ထဲမှာတောင် သူ့လောက် လှတဲ့ သူကို တစ်ခါမှ မတွေ့ ဖူးခဲ့
မျက်ဝန်း တွေကလဲ ရဲရင့် ပြတ်သား တယ်...
လိုချင် တာကို မရ ရအောင် ယူတတ်မဲ့ ပုံစံမျိုး။ မျက်နှာက ခက်ထန်နေပေမဲ့ သူ့ရဲ့အလှတရား ကိုတော့ ဖုံးကွယ်မသွားခဲ့ ။" ကျနော့်ကို တွေ့ချင်လို့ဆို...ဘာကိစ္စများ ရှိလို့လဲ.."
ကျနော် မေးလိုက်တော့ ထိုမိန်းမက မဲ့ပြုံး တစ်ချက်ပြုံးလိုက်သည် ။
" ကျွန်မ...ရှင့်ကိုလာကမ်း လှမ်းတာ...ကျွန်မ ကမ်းလှမ်းမဲ့ ကိစ္စကို ရှင်မငြင်းလောက်ဘူး ထင်ပါတယ်..ကို ထက် မြတ်..."
ဒီမိန်းမဟာ ခေသူ မဟုတ်
ကျနော့်နာမည် ကိုတောင် သိနေခဲ့တယ်
ကျနော့်လို လူမျိုးကို လာကမ်းလှမ်းတယ် ဆိုကတည်းက ဒီမိန်းမဟာ သာမန်တော့ မဟုတ် လောက်ဘူး ။" ဆိုစမ်း ပါအုံး....ကျနော် မငြင်းလောက်ဘူး ထင်တယ်ဆိုတဲ့ ကမ်းလှမ်း ချက်ကြီးကို...."
ကျနော့်လို လူမျိုးက ကိုယ့်အတွက် အကျိုးမရှိရင် ဘယ်အလုပ် ကိုမှ မလုပ်တတ်ဘူး
ကျနော့် ရှေ့မှာ ထိုင်ပီး ကျနော့်ကို မတုန်မလှုပ် စိုက်ကြည့်နေတဲ့ ဒီမိန်းမရဲ့ ကမ်းလှမ်းလာမဲ့ ကိစ္စကို တကယ် စိတ်ဝင် စားမိသည် ။" လူတစ်ယောက်ကို ရှင့်အနားမှာ အမြဲခေါ်ထားပေးရမယ်..ပြောရရင် ရှင့်အပိုင်ဖစ်အောင် လုပ်ရမယ်..."
YOU ARE READING
My Sunshine
Acakမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #