Unicode >>>>
မနက်စာ စားရင်း ၊ အလုပ်ကို အာရုံစိုက်ရင်း ၊နွမ်းလျတဲ့ တစ်နေ့တာကို ဖြတ်သန်းရင်း နဲ့တစ်ရက်ပီးတစ်ရက် ၊တစ်ပတ်ပီး တစ်ပတ် ၊တစ်လပီး တစ်လ အချိန်တွေသာ ကုန်လာခဲ့တယ် ။
ပျော်ရွှင်ခြင်း မရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်း နေခဲ့ရတဲ့ ကျနော့်ဘဝမှာ နာကျင်ခြင်း တွေကတော့ ရင်နှင့်အမျှ ။
မငိုနိုင်လို့သာ ရယ်နေခဲ့ ရတာ ကျနော်မပျော်ရွှင် ရတာ တော်တော် ကြာခဲ့ပီ ။တစ်ရက်တစ်ရက် ရုံးတက်လိုက် ၊ ရုံးဆင်းလိုက်နဲ့သာ အချိန်တွေ ကုန်နေတဲ့ ကျနော့်ဘဝဟာ ငြီးငွေ့ဖွယ်ကောင်း လှသည် ။
ဒါ့အပြင် ကျနော့်မှာ တခြားလုပ်စရာ မရှိပေ ။
ငြီးငွေ့ဖွယ်ကောင်းလှတဲ့ ကျနော့်ဘဝ ထဲကို ပျော်ရွှင်ခြင်းဆိုတာ လမ်းမှား၍ပင် ရောက်မလာခဲ့ချေ။************************************
ဒီနေ့ဟာ ရုံးပိတ်ရက်မို့ လင်းဆီသွားရန် နန္ဒီတစ်ယောက် နံနက်စောစော ထကာ ပြင်ဆင် စရာ ရှိတာပြင်ဆင် လေသည် ။
ကျွန်မအတွက် အလှဆိုတာ တထူးတခြား ကြီးပြင်စရာမလိုပေ ။
ကျွန်မကိုယ်တိုင်လဲ အလှပြင်ရတာကို မနှစ်သက် ။
ဖြူလွန်းသည့် အသားအရေက မာမီ့ဆီက အမွေရထားပီး ဒယ်ဒီ့လိုခန့်ညားတဲ့ မျက်နှာပေါက်နဲ့ တူတာကြောင့် ကျွန်မသည် လှသည် ဆိုတာထက် မြင်သူတိုင်း နှစ်ခါ ပြန်ကြည့်ရအောင် ဆွဲဆောင်မှု ကောင်းခြင်းမျိုးဖြစ်သည် ။ဆေးကူစရာ မလိုဘဲ ပန်းစီရောင် သန်းနေသည့်နှုတ်ခမ်းပါးထက်က အပြုံးကြားမှာ ပုရိသ ယောင်္ကျားလေးများသာမက မိန်းကလေးများပါ ပြိုလဲကြသည်။
ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနှင့် အဝတ်အစားများကို လိုက်ဖက်စွာ ဝတ်ဆင်တတ်သည့် ကျွန်မကို ပိုင်ဆိုင်ချ င်သူများမှာ အများအပြားပင် ။
ပြင်ဆင်အပီး အောက်ထပ်သို့ဆင်းလာကာ...
"ဒယ်ဒီ....သမီးသွားပီနော်..."
ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ် နေသာ ဒယ်ဒီ့ကိုနှုတ်ဆက်ကာ လင်းဆီသို့ ထွက်လာခဲ့လိုက်သည် ။
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #