Unicode>>>>
အချစ်နဲ့ မကြုံခင်အထိ ကျနော်တို့ လူးသားတွေဟာ အေးချမ်းကြတယ် ။
ချစ်မိသွား ရင်တော့ ကျနော်တို့ဟာ ကျနော်တို့ ချစ်ရတဲ့သူ အတွက် ခလုတ်လေးထိမိမှာကအစ တွေးပီး စိတ်ပူ တတ်ကြတယ် ။အချစ်ကြောင့် လူသားတွေက စိုးရိမ်ကြတယ်၊သောကရောက်ရတယ်၊ ပူလောင်တတ်ကြတယ်။တစ်ခါတစ်လေ တော့လဲ အချစ်က အေးချမ်းမှုကိုပေးတယ်၊ အထီးကျန်ခြင်းကို မေ့ပျောက်စေတယ်၊ ဝမ်းနည်းမှုတွေကို ထပ်တူခံစား ပေးနိုင်တယ်။
ချစ်တယ် ဆိုတဲ့စကားကို ကျနော်အရင်ကလောက် မယုံကြည် တော့ဘူး ။
အရင်တုန်း ကလိုလဲ လူတယောက်ကို စွဲစွဲမြဲမြဲမချစ်ရဲတော့ဘူး။'''''''''''''''''''''''''''''''''''''''''''''''''''''''
"အကိုဇော်...သူဌေးက သူ့ရုံးခန်းကိုလာခဲ့ပါတဲ့"
ကျနော့်အဖွဲ့က ဝန်းထမ်းတွေနဲ့ project အကြောင်း ဆွေးနွေးနေတုန်း ဝန်ထမ်းတစ်ယောက်က လာခေါ်သောကြောင့်.....
"ဟုတ်ပီ...ကျနော်သွားလိုက်မယ်...."
ဆွေးနွေးလက်စကို အဆုံးသတ်လိုက်ပြီး လင်းရဲ့ ရုံခန်းရှိရာ အပေါ်လွှာသို့ တက်လာခဲ့ လိုက်သည် ။
" ဂျာကြီး လမ်းလျှောက်ပုံကြီးက မိမိုက်နေရော...
ကြွေချင်စရာကြီး...."" ဟုတ်ပ မျက်နှာကလဲ အမြဲတမ်း တည်တင်းနေတာ အချေရုပ်ကြီးနဲ့ ဆွဲဆောင်မှုရှိလိုက်တာ..."
" မိန်းမတွေ ဘူးထမကြနဲ့.... လုပ်စရာရှိတာ အပြီးသတ်လုပ် ဟိုကစိတ်မရှည်တတ်တဲ့ ဒေါသအိုး ဆိုတာ သိတယ်မလား..."
" သိပါ့ သိပါ့ အကြည့်နဲ့တင် အရည်ပျော်ကျနိုင်တယ် ...."
တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ ဝန်ထမ်းတွေရဲ့ စကားတွေကို ဇော်တစ်ယောက်တော့ ကြားနိုင်မယ်မထင် ။
>>>>>>>>
ဒေါက်.!!.ဒေါက်.!!!.
"ဝင်ခဲ့ပါ"
"လင်း....ငါ့ကိုခေါ်တယ်ဆို"
"ဟုတယ်..
ဟဲဟဲ......ငါမင်းကို အကူအညီလေး တောင်းမလို့""ပြောလေ"
"ငါ့အမ ကုမ္ပဏီကို သွားပီး ဒီစာရွက်စာတမ်းလေးတွေ သွားပေးပေး ပါလား "
YOU ARE READING
My Sunshine
De Todoမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #