ရန်မဖြစ်တော့ဘူး (1)

13.8K 205 2
                                    

Part 1

"အန်တီသင်း ဘာဟင်းတွေချက်နေတာလဲ ရှင်းသန့်လဲစားချင်တယ်"

"မကျွေးဘူး "

"မောင် နင်မကျွေးလည်း ငါက စားမှာဘဲ"

"နင်အိမ်မှာနင် ထမင်းမစားဘဲ ငါ့အိမ်မှာဘာလို့လာစားနေတာလဲ "

"ငါလာစားချင်လို့ စားတာဘာဖြစ်လဲ အန်တီသင်း ကတောင်ငါ့ကိုယ် ဘာမှမပြောတာ မောင် နင်ကဘာဖြစ်နေတာလဲ"

"ငါ့အမေ ကဘယ်ပြောမလဲ နင်ကငယ်ငယ်ကတည်းက ငါ့အမေကို အန်တီသင်း အန်တီသင်း နဲ့ ကပ်ချွဲနေတာ"

"ဘာဖြစ်လဲ ငါဘာသာငါချွဲတာ နင့်ကိုယ် ငါကမချွဲလို့ လား အဲဆိုငါလာချွဲမယ်လေ"

"‌ရှင်းသန့်ကို နင်ငါလုပ်လိုက်လို့ သေတော့မယ်"

"သားနဲ့သမီးတော်တော့ ရန်မဖြစ်နဲ့တော့ ပြီးရင် တစ်ယောက်တစ်ယောက်မတွေ့ရင် ပြတင်းပေါက်ကနေချောင်းကြည့်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနဲ့လဲ နေလဲမနေနိင်ကြဘဲနဲ့ ရန်မဖြစ်ကြနဲ့ တော့"

"ရှင်းသန့်က နေနိင်တယ် မောင်က‌မနေနိင်တာ"

"ရှင်းသန့်ကိုယ် နင်ဘဲငါနဲ့ရန်ဖြစ်တိုင်းငါ့အိမ်ရောက်လာပြီးတော့ ဘယ်သူမနေနိင်တာလဲ စဉ်စားကြည့်အုံး "

"ရှင်းသန့်ကို နင်က သင်းသင်းအိမ်ရောက်နေတာကိုယ် ငါ့မှာတော့ ငြီးအခန်းထဲမှာထင်ပြီးအော်ခေါ်လိုက်ရတာ "

"အမေ ကလည်း"

"အမေကမလည်း နဲ့ မနက်ဖြန်ဆိုကျောင်းတက်ရတော့မှာ ငြီးလုပ်စရာရှိတာမလုပ်ဘဲ နဲ့ ဘာလုပ်နေတာလဲ ကြည့်အုံး ညနေစောင်းနေပြီအခုချိန်ထိရေမချိုးရသေးဘူး ငါရိုက်လိုက်ရ"

"‌သမီးလေးတောင်မှ မျက်စိရှေ့တင် ၉တန်းတက်ရတော့မယ်နော် မမခင်စန်း"

"၉တန်းတက်မဲ့ကျောင်းသူတဲ့ မိန်းမကလေးနဲ့မတူဘူး အပျင်းကလည်းကြီးသေး မိန်းကလေးမတန်ဘဲအာပြဲကြီးနဲ့ အော်သေးတယ် မသင်း သားနဲ့ကွာပ သားမောင်ဆိုယောက်ကျားလေးဖြစ်ပြီး ဘာသံမှမကြားရဘူး သူဖြစ် မိန်းမလေးဖြစ်ပြီး လျှောက်အော်နေတာ စကားပြောလဲအသံပြဲကြီးနဲ့"

ရန်မဖြစ်တော့ဘူးWhere stories live. Discover now