ရန်မဖြစ်တော့ဘူး (34)

2.3K 51 0
                                    

Part32

"သား မောင် လာအိမ်ထဲဝင် "

"အမေ ရှင်းသန့်ရော"

"သမီးက အိမ်ပေါ်မှာ သားတို့နှစ်ယောက် ဘာဖြစ်ထားကြတာလဲ "

"ရှင်းသန့်က သားကိုယ်စိတ်ဆိုးနေတာပါ အမေ "

"အေးအေး လက်ထပ်ခါနီး ရန်မဖြစ်ကြနဲ့တော့လေအရင်လို ကလေးလဲမဟုတ်တော့ဘဲနဲ့ သမီးက သူ့အဖေတိုင်းဘဲ သူမကြိုက်ဘူးဆိုတဲ့ဟာကိုယ်လုပ်ရင် စိတ်အရမ်းဆိုးတာ ခေါင်းကြောမာတာအရမ်းဘဲ "

"ဟုတ် "

သူရဇော်က ရှင်းသန့်တို့လမ်းထိပ်က စတိုးဆိုင်ကနေ ရှင်းသန့်ကိုကိုအတွက် မုန့်နဲ့ ဝက်ဝံအရုပ်ဝယ်‌ပေးပြီး ရှင်းသန့်ကိုကိုရဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာကိုယ်ပေးခဲ့ပြီး ပို့ခိုင်းလိုက်တယ်

📳📳📳

"ဟယ်လို မရှင်းသန့်ကိုကိုလား မသိဘူးရှင့်"

"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူးနော်"

"ညီမဆီကိုယ် ပစ္စည်းလေးမှာထားလို့လာပို့တာပါ "

"ဟုတ်လား အမ မမှာထားဘူးနော် ညီမလူမှားတာနေမှာ"

"ဟုတ် အမ အတွက် အကိုသူရ‌‌ေဇာ်ကမှာပေးထားတာပါ အခုညီမတို့အမအိမ်ရှေ့ရောက်နေလို့ပါပစ္စည်းလေး လာယူပေးလို့ရမလားအမ"

"ရှင် "

သူရဇော် ဘာတွေလုပ်နေပြန်ပြီလဲ ခုဏလေးတင် ရှင်းသန့်ကိုယ် အိမ်ပို့ပြီးပြန်သွားတာ အခုကောင်းမလေးတစ်ယောက်က လက်ဆောင်မှာပေးသွားတယ်ဆိုတော့ သူရနင်ဘာတွေလုပ်နေပြန်ပြီလဲ

"အော် ခဏလေးနော် အမ တံခါးလာဖွင့်ပေးမယ်"

ရှင်းသန့်က အိမ်ပေါ်ကနေ လက်ဆောင် ဆင်းယူ‌မလို့ ဆင်းလာတာ ဧည့်ခန်းမှာ ကောင်းခန့်မောင်ရောက်နေတာမြင်တော့ မသိချင်အောင်ဆောင်ပြီး ‌ပစ္စည်းလာပို့တဲ့ကောင်မလေးကိုယ် တံခါးသွားဖွင့်ပေးလိုက်တယ်

"ဟိုမှာ အိမ်ပေါ်ကဆင်းလာပါပြီ "

"ရှင်းသန့်"

သူမလေးက ကျွန်တော်ကိုယ်မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး အိမ်ရှေ့ထွက်သွားတယ်

ရန်မဖြစ်တော့ဘူးOnde histórias criam vida. Descubra agora