Part 3
"အန်တီခင်စန်း ရှင်းသန့်ရော"
"ရှိတယ် အိမ်ပေါ်မှာရယ်"
"ရှင်းသန့်ကိုရေ မောင်လာခေါ်နေပြီ ငြီးဘာလုပ်နေတာလဲ ဆင်းခဲ့တော့လေ ကျောင်းသွားရအုံးမှာကို"
"လာပြီ အမေရေ"
"ဆံပင်ကိုရေပြောင်အောင်လည်းမသုတ်ဘူး ဖျားတော့မှာဘဲ"
"မဖျားပါဘူး အမေကလည်း စက်ဘီးနင်းရအုံးမှာနဲ့ သူဘာသာသူခြောက်သွားလိမ့်မယ်လေ"
"အေးပါ"
"အမေသွားပြီနော်"
"အန်တီ သားတို့ကျောင်းသွားပြီနော်"
"အေး"
"ဟယ် မောင် ဘယ်လိုလုပ်မလဲ"
"ဘာဖြစ်ပြန်တာလဲ"
"ငါစက်ဘီးပေါက်နေတယ် မောင်ဒီနေ့ငါကိုတင်နှင်းလေ နော်"
"မနှင်းပါဘူး နင်ဘာသာ နင်ကျောင်းကို ခြေချင်သွား"
"နင်ကလည်း ငါကိုတစ်ခါတစ်လေတင်နင်းရတာလေ လုပ်ပါနော်မောင်"
"စကားမများနဲ့တော့ တက်နားညီးတယ်"
"အဲလိုမှပေါ့ ပေးပေးနင့်လွယ်အိတ်ငါကိုင်ပေးမယ် ငါ့ကိုပေး"
"ရော့"
ရှင်းသန့်ကိုကိုလည်း ကောင်းခန့်မောင်ရဲ့စက်ဘီးနောက်ကေန မောင်ရဲ့ အကျီစလေးဆွဲပြီးထိုင်လိုက်လာတယ်
"ဆင်းတော့ ငါမောလာပြီ"
"မောင် ကျောင်းကဟိုရှေ့မှာလေ ရောက်မှမရောက်သေးတာ တစ်ပြလိုသေးတယ်လေ"
"ငါနင့်ကို တင်နင်းရတာမောတယ် လမ်းလျောက်သွားမယ်လာ"
"မောင်နင်ကလည်း တစ်ပြထဲကျန်တော့မှ မောပြနေသေးတယ်"
ရှင်းသန့်ကိုကိုနဲ့ကောင်ခန့်မောင် လမ်းမှာစကားပြောနေတာကိုတွေ့လို့ နိင်နိင်ကလှမ်းခေါ်လိုက်တယ်
"ရှင်းသန့်"
"ငါနာမည် တစ်ယောက်ယောက်ခေါ်နေသလိုဘဲ မောင်နင်ငါ့ကိုခေါ်သေးလား"
"မခေါ် ပါဘူး ဘာလို့ေခါ်ရမှာလဲ"
"ရှင်းသန့်"
أنت تقرأ
ရန်မဖြစ်တော့ဘူး
عاطفيةအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...