ရန်မဖြစ်တော့ဘူး(11)

2.6K 82 1
                                    

Part11

"ရှင်းသန့်ငါ ပြန်တော့မယ်နော်"

"အင်း ဆိုင်ကယ် ဖြေးဖြေးမောင်းအုံး သူရ"

"အေးပါ သဘက်ခါကျ ငါလိုက်ပို့ရမှာလား"

"လိုက်မပို့နဲ့တော့ ငါဘာသာငါဆိုင်ကယ်နဲ့သွားမယ် အခုလိုလိုက်ပို့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်.."

"အင်းပါ အဲဆိုငါပြန်ပြီနော်"

"အင်း"

ရှင်းသန့်ကိုကို ကသူရဇော်ကိုယ်နုတ်ဆက်ပြီးအိမ်ထဲဝင်လာခဲ့သည်

"အဖေ ပြန်လာပြီလား"

"သမီးငယ် ဒီနေ့ ဘယ်သွားပြီးပြန်လာလို့ ဒီလောက်ပျော်နေတာလဲ အဖေ့လဲပြောပြအုံးလေ"

"အဖေ သမီးဒီနေ့ အလုပ်သွားလျှောက်တာ အလုပ်က တစ်ခါထဲသမီးကိုယ်တန်းခန့်လိုက်တယ်"

"သမီးအလုပ်လျှောက်တာအဖေလည်းမသိရပါလား အဖေလည်းမပြောဘူး ဘာလို့ အလုပ် လုပ်မှာလဲမလုပ်ပါနဲ့လား သမီးမုန့်ဖိုးလိုရင်အဖေ့ပြောလေ ပေးမှာပေါ့"

"အဖေကလည်း သမီးမှာမုန့်ဖိုးမကုန်သေးဘူးရှိသေးတယ်ရယ် အခုလုပ်မဲ့အလုပ်ကလည်း အဖေစိတ်ချရမဲ့အလုပ်ပါ "

"အဖေစိတ်ချရမယ့် အလုပ်ဆိုတော့ ဘာအလုပ်လျှောက်လာတာလဲ အဖေ့ကိုယ်ပြောပါအုံး"

"ကွန်ပျူတာသင်တန်းမှာ ဆရာမလုပ်ရမှာ တစ်လကိုယ် နှစ်သိန်းရမှာ ရက်မှန်ရင် ဘောစ်နစ် ငါးသောင်းရအုံးမှာ အဖေလို့ သမီးအဲအလုပ်လုပ်ချင်လို့ပါ နော် အမေအဖေကိုယ်ကူပြောပေးအုံး"

"ကိုယ် သမီးလေးက အလုပ်လုပ်ချင်နေတာကိုယ် ပေးလုပ်ခိုင်းလိုက်ပါ ဘာမှလဲမပင်ပန်းဘဲနဲ့ကိုယ် ကိုယ်ကလည်းလုပ်ခိုင်းလိုက်ပါ"

"အင်းပါ ဒါပေမဲ့သမီးငယ် အဖေက အလုပ်လုပ်ခိုင်းတယ်ဆိုပြီး ကျန်တဲ့အလုပ်တွေလုပ်ဖို့မစဉ်းစားနဲ့နော် "

"ဟုတ်"

"အမေ သမီးကိုပြောစရာရှိတယ်"

"ဟုတ်အမေ သမီးကိုယ်ဘာပြောမလို့လဲအမေ"

"သမီးနဲ့ သားမောင် ကိုယ် လက်ထပ်ပေးချင်လို့"

"ရှင်!"

ရန်မဖြစ်တော့ဘူးحيث تعيش القصص. اكتشف الآن