ရန်မဖြစ်တော့ဘူး(2)

4.2K 121 2
                                    

Part2

"မိုးဆက် သချာ် ဆရာမက မလာတော့ဘူးလား"

"ငါလည်းမသိဘူးလေ ဆောင်းရဲ့"

"ဟဲ့ ရှင်းသန့်ကိုကို နင်အသက်မှရှိသေးရဲ့လား ထစမ်းအိပ်နေတာ သိုးလို့ "

"ဘာလဲဟာ ဆရာမမှမလာသေးတာကို နင်တို့နှစ်ယောက်ကလည်း "

"ဆရာမ က အစည်းဝေးရှိလို့ မလာတော့ဘူးတဲ့ "

"ကြားလား မိုးဆက်မနဲ့ ဆောင်းနှင်း ဆရာမကအစည်းဝေးရှိလို့မလာဘူးတဲ့ ငါပြောသားဘဲ မလာပါဘူးဆို ဆရာမမလာခင်လေးကိုယ်ကောင်းကောင်းမအိပ်ရဘူး ငါပြန်အိပ်လိုက်အုံးမယ်"

"နင်က ကာလနဂါးသေလို့ ဝင်စားတာလား အချိန်ပြည့်အိပ်ဖို့ဘဲသိတယ်"

"ဆောင်းနှင်း နင်ပြောလည်း အပိုဘဲ ဟိုဟာမက ပြန်အိပ်သွားပြီ"

"ဟဲ့"

"ဘာလဲ"

"နင်တို့ အခန်းထဲက ရှင်းသန့်ကိုကို ကိုယ်ခေါ်ပေးစမ်းပါ"

"ဟဲ့ကောင်ကောင်းခန့်မောင်နဲ့ ဖြိုးခန့် Aခန်းက ဟိုကောင် နိင်နိင်တို့ အဖွဲ့ ငါတို့အတန်းထဲက ဘယ်သူလာကြောင်တာလဲမသိဘူး"

"ထက်အောင်ရ ငါတို့က ဘယ်သိမလဲ မင်းသိချင်ရင်သွားမေးလိုက်လေ"

"မင်းတို့နှစ်ကောင်တကယ်မသိချင်ဘူးလား"

"ထက်အောင်မင်းယောက်ကျားလေးဖြစ်ပြီးတော်တော်စပ်စုတဲ့‌ေကာင်ဘဲ ငါ့ကိစ္စမှမဟုတ်တာဘာလို့သိချင်ရမှာလဲ"

"အေးပြီးတာဘဲ"

"ရှင်းသန့်ကိုကို"

"ဟဲ့ ရှင်းသန့်ကိုကို"

"‌ပန်းအိပြောလေ ဘာတုန်း"

"နင့်ကို ဟိုကောင်နိင်နိင်ကခေါ်နေတယ်"

"ရှင်းသန့်ကို နိင်နိင်နဲ့ဘယ်တုန်းကခင်သွားတာလဲ ငါတို့နှစ်ယောက်တောင်မသိလိုက်ဘူး"

"ငါလည်း သူကိုယ်မသိဘူး "

"နင်မသိဘဲနဲ့ဘာလို့နင့်ကိုလာရှာတာလဲ"

"ဘယ်သိမလဲ"

"မသိတာသိတာနောက်ထား ဟိုကနင်ကိုဘာပြောမလို့လဲမသိဘူး ငါ့တို့အခန်းရှေ့မှာစောင့်နေတာထသွားလိုက်အုံး"

ရန်မဖြစ်တော့ဘူးOnde histórias criam vida. Descubra agora