Part18
"ရှင်းသန့် ငါနင်အိမ်ပြန်လိုက်ပို့မယ်လေ "
"ရပါတယ် သူရရယ် ဖူးပွင့်နဲ့ပြန်မယ်လေ"
"ငါက လမ်းကြုံလို့ခေါ်တာပါ နင်တို့ဘက်က ပေါင်မုန့် ဆိုင်ဝင်မလို့"
"အင်းလမ်းကြုံတယ်ဆိုငါလိုက်ခဲ့မယ်လေ မဟုတ်ရင် နင်အိမ်နဲ့ငါအိမ်က တောင်နဲ့မြှောက်ရယ် ငါလိုက်ပို့နေရင် အိမ်ပြန်နောက်ကျနေမှာဆိုလို့လေ"
"အရင်ကလည်း ရှင်းသန့်ကိုနင်အပြင်သွားချင်ရင်ငါဘဲလိုက်ပို့နေကြကို အခုမှလာပြီးနောက်ကျမယ်လေးဘာလေနဲ့"
"မဟုတ်ပါဘူး နင်ကလည်း ဖူးပွင့် ငါသူရနဲ့ဘဲလိုက်သွားလိုက်တော့မယ်နော် နင်ဆိုင်ကယ်ဖြေဖြေမောင်းအုံးနော်"
"အေးပါ"
"အဲဆို ငါပြန်ပြီ ဟိုနှစ်ကောင်ပြန်ပြီ"
"အေးအေး"
"ရှင်းသန့် "
"ဟင် "
"နင် အလုပ်မှာအဆင်ပြေရဲ့လား"
"ပြေပါတယ် "
"အေးပါ ငါအခုတစ်လော ရန်ကုန်ရောက်နေလို့ နင်ဆီမလာဖြစ်တာ ငါ့သူငယ်ချင်း အအမလေး အဆင်မှပြေရဲ့လားလို့လေ"
"အင်းပြေတယ် ငါကနင်ငါ့ကိုစိတ်ဆိုးပြီးရန်ကုန်သွားတယ်ထင်နေတာ သူရငါနင့်ကိုယ်အရမ်းအားနာတာဘဲ"
"ဘာမှအားမနာနဲ့လေ အချစ်ဆိုတာလုပ်ယူလို့မှမရတာ နင်တကယ်ချစ်တဲ့သူနဲ့အဆင်ပြေနေရင်ပြီးတာဘဲ ငါကိုယ်အားမနာနဲနော်"
"အင်း"
ရှင်းသန့်ကို ငါနင့်ကိုတစ်ဖက်သတ်ချစ်နေရရင်ကိုယ်ငါမှာကျေနပ်နေပါပြီ နင်ချစ်တဲ့သူနဲ့ပျော်နေတာကိုယ် မြင်ရရင်ငါလဲ ပျော်ပါတယ် ငါအတွက်ကတော့ နင်ပျော်နေတာလေးကိုယ်မြင်နေရရင်ရပြီ
"ဟဲ့ သူရ ပေါင်မုန့်ဆိုင် ဝင်မှာဆို SP ကကျော်သွားပြီလေ နင်ဘာတွေတွေးနေတာလဲ"
"အေး ငါပေါင်မုန့်ဆိုင် ဝင်ဖို့မေ့သွားလို့ပါ "
"အေး"
"ရှင်းသန့်ကို နင်ဘာစားချင်လဲ စားချင်ရင်ယူနော် ငါဝယ်ကျွေးမယ်"
ESTÁS LEYENDO
ရန်မဖြစ်တော့ဘူး
Romanceအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...