Part 6
" ဖူးပွင့် နင်ပြောတော့ ရှင်းသန့်ကိုကို အိမ်ကိုယ်သိတယ် ဆို အခုငါတို့ဒီရပ်ကွက် ကိုယ်ပတ်နေတာ ၃ပတ်ပြည့်တော့မယ် ဘယ်နားမှာလဲ"
"နင်တို့နှစ်ကောင်က ငါ့ဘဲပြောနေတာ နင့်တို့သူငယ်ချင်း သူရဇော်ကိုယ်လဲပြောလေ သူပြောတော့ ရှင်းသန့်ကိုကို ကသူ ကိုယ်အိမ်လိပ်စာပြောထားတယ်ဆို သူလဲမရောက်ဘူးဘဲနဲ့ ငါရှင်းသန့်ကို ကိုယ် ဖုန်းဆက်မယ်ပြောတော့လဲ မဆက်နဲ့တဲ့ ဘာတဲ့ ရှင်းသန့်ကိုကိုယ်မတွေ့တာကြာလို့ အံဩစေချင်လို့တဲ့ ရှင်းသန့်ကိုကို အံဩမလားတော့မသိဘူး ငါတို့တော့ ဒီရပ်ကွက်ထဲ ပတ်ရလွန်းလို့ အသတ်ထွက်တော့မယ် နေကလည်းပူသေးတယ် "
"ဖူးပွင့် နင်တို့မိန်းကလေးတွေကတော်တော် စကားများတာဘဲ နင်နဲ့ရှင်းသန့်ကိုကိုက ဒီလောက်ခင်တာကိုယ် သူအိမ်မရောက်ဖူးဘူးလား"
"ဘယ်ရောက်ဖူး မလဲ ငါတို့ကအဆောင်တက်တာလေ ကျောင်းပိတ်ရင် ကိုယ်အိမ်ကိုယ်ပြန်ကြတာကိုယ် ငါ့ကို ရှင်းသန့်က အိမ်လိပ်စာဘဲပေးထားတာ ရဲရင့်ရဲ့ ဟိုမှာ အန်တီတစ်ယောက် ငါသွားမေးလိုက်မယ် "
"အေး မေးမှဘဲရောက်တော့မှာ မမေးရင် ဒီရပ်ကွက်ကိုယ်ဘယ်နှစ်ပတ်ထပ်ပတ်ရအုံးမလဲမသိဘူး"
"ဖူးပွင့် နင်ဒီနှစ်ကောင်နဲ့နေခဲ့ ငါသွားမေးလိုက်မယ်"
"ပြီတာဘဲ သေချာမေးခဲ့နော် သူရဇော်"
"အန်တီ"
"သားပြောလေ"
"ဒီရပ်ကွက်ထဲ က ရှင်သန့်ကိုကိုတို့အိမ်ကဘယ်နားလဲ အန်တီ"
"အော် သမီးရှင်းသန့်ကိုကိုအိမ်လား"
"ဟုတ်ကဲ့ ခဗျာ"
"အန်တီတို့ ဘေးကအိမ်ဘဲသား "
"ဟုတ်ကဲ့ အန်တီ "
"ကျေးဇူးနော် အန်တီ"
"အေးအေး"
"ဘာတဲ့လဲ ဟဲ့ကောင်"
"ငါတို့တွေက နီးနီးလေးနဲ့ပျောက်နေတာ တိုက်ဖြူလေးမြင်လား "
"မြင်တယ်လေ ခုဏမင်းသွားမေးတဲ့ အန်တီရဲ့ဘေးအိမ်က ရှင်းသန့်ကိုကို အိမ်လား"
VOCÊ ESTÁ LENDO
ရန်မဖြစ်တော့ဘူး
Romanceအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...