ရန်မဖြစ်တော့ဘူး (38)

2.3K 56 0
                                    

Part 38

"ဘေဘီ မနက်ကျ ဆရာကတော့ပွဲကိုယ်မောင်နဲ့အတူသွားမယ်နော် မောင့်လာခေါ်တာစောင့်အုံးနော်"

"ဟင့်အင် မစောင့်ဘူး မိုးနဲ့ဆောင်းနှင်းက သူတို့နဲ့အတူသွားမယ်ပြောထားတယ်လေ မောင်က ကျောင်းကနေဘဲစောင့်နေလေ နော် ဟိုနှစ်ယောက်သူတို့နဲ့အတူမသွားရင် ရှင်းသန့်ကိုယ်စိတ်ဆိုးလိမ့်မယ်လေ မောင်က လိမ္မာပါတယ် ကျောင်းကဘဲစောင့်နေနော် နော်လို့"

ရှင်းသန့်က မောင်နဲ့အတူတူမသွားဘူး ဟိုနှစ်ယောက်နဲ့အတူသွားမှာပြောတော့ အမူးသမားလေးက မျက်နှာကိုယ် ဆူပုတ်ပြနေတာ မောင်စိတ်ဆိုးရင် ချစ်စရာလေး ဘယ်လိုဘဲနေနေ စိတ်ဆိုးတာချော့လို့ရပါတယ် ဟိုနှစ်ကောင်ကတော့ မောင်နဲ့အတူလာပြီး သူတို့နဲ့ကမလာဘူးဆိုပြီး သစ္စာဖောက်ဆိုပြီး တစ်သက်လုံးပြောလို့မပြီးဖြစ်နေမှာဆိုးလို့ ‌ဟိုနှစ်ယောက်နဲ့အတူသွားဖို့ဘဲဆုံးဖြတ်လိုက်ပြီး ရှင်းသန့်ကိုယ်စိတ်ဆိုးပြနေနေတဲ့မောင့်ရဲ့ မျက်နှာလေးကိုယ် ရှင်သန့်လက်ကလေးနဲ့ကိုင်ပြီး ချော့နေရတယ်

"မောင်လို့ ဘာလို့ကောက်နေတာလဲ အတူတူဘဲမသွားတာလေ ကျောင်ရောက်ရင်တွေ့ရမှာဘဲလေ အပြန်ကြအတူတူသွားမယ်လေ နော်လို့ ‌"

"ဘာလဲဘေဘီက မောင်နဲ့အတူမသွားချင်လို့လား"

"မဟုတ်ပါဘူး မောင်နဲ့အတူတူသွားချင်တာပေါ့ ဆောင်းနဲ့မိုးကိုယ်လဲ အတူတူသွားမယ်လို့အစောကြီးကပြောထားလို့ပါ မောင်ကလဲ ဘာမှမဟုတ်တာလေးကိုယ်စိတ်ကောက်နေတာ"

"မကောက်ပါဘူး ဘယ်သူကကောက်နေလို့လဲ မောင်ကဘေဘီကိုယ်စိတ်ကောက်ရအောင် ကလေးလဲမဟုတ်ဘူးလေ မောင်က ဘေဘီအတွက် sugar daddyဘဲလုပ်ချင်တာ ကလေးမလုပ်ချင်ဘူး"

"ဟုတ်ပါပြီ တော်တော်အမ်းချင်နေတဲ့ sugar daddy ကြီးရယ် ဘေဘီက ချစ်လို့စတာကိုယ်"

"မောင်ကိုယ် ချစ်ရင် အာဘွားပေး"

"အံဩပါ့ ဘာမှလဲမဆိုင်ဘူး"

အာဘွားပေးလို့သူပြောလိုက်တော့ ဘေဘီက သူ့မျက်နှာကိုယ်ကိုင်ထားတဲ့လက်နှစ်ဖက်ကိုယ် ဖယ်မလို့လုပ်ခါရှိသေးတယ် မောင်က ရှင်းသန့်ရဲ့ ခါးလေးကိုယ် သူလက်နှစ်ဖက်နဲ့ဖတ်လိုက်ပြီး ရှင်းသန့်ကိုကိုက လန့်ပြီး မောင့်မျက်နှာလေးကိုယ်မော့ကြည့်လိုက်တော့ ကောင်းခန့်မောင်က ရှင်းသန့်ရဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကိုယ် စုပ်ယူနမ်းရှိုက်လိုက်တယ်

ရန်မဖြစ်တော့ဘူးOnde histórias criam vida. Descubra agora