Part 16
"ဖူးပွင့် ငါပြန်တော့မယ်နော်"
"အေးအေး အိမ်မှာငိုမနေနဲ့အုံး အင်းပါ မငိုဘူးရယ် သွားပြီနော်"
ရှင်းသန့် ဖူးပွင့်ကို မငိုဘူးသာ ပြောခဲ့တာ ဒါပေမဲ့ ရှင်းသန့်ရင်ထဲမှာ အရမ်းမွန်းကြပ်ပြီး ငိုချင်နေတယ် ထွက်ပေါက်လည်း ရှာချင်နေတယ်
ရှင်းသန့်ကိုကို က အိမ်ရောက်တော့ သူခန်းထဲက ရေချိုးခန်းထဲမှာ ရေဖွင့်ပြီး ငိုနေတယ်
မောင် နင်ဘာလို့ ငါကိုယ်မချစ်ဘဲချစ်တယ်လို့ပြောတာလဲ ဟမ် နင်ကလေ အရင်က ငါ့သူငယ်ချင်းကောင်းခန့်မောင်မှဟုတ်ရဲ့လား မိန်းကလေးတွေကိုယ် မချစ်ဘဲမတွဲပါနဲ့လား
နင့်ကိုယ်ငါယုံမိတာငါ့အမှားဘဲ မောင် နင်ကိုယ် ဘာလို့ငါအရမ်းချစ်ခဲ့တာလဲဆိုတာငါကိုယ်ငါတောင်တွေးလို့မရဘူး
"ဟီး..""ဟီး.."
ရှင်းသန့်ကိုကို ကရေချိုးခန်းထဲမှာတစ်နာရီလောက် ရေစိုကြီးနဲ့ငိုနေတယ်
"သမီးငယ် ထမင်းစားမယ်လေ"
"မ စားတော့ဘူး အမေ သမီးဗိုက်မဆာလို့"
"ကြည့်ပါအုံး နှုတ်ခမ်းတွေလဲ ပြာလို့ ရေကိုယ် အကြာကြီးချိုးနေတာ ဖျားကုန်တော့မှာဘဲ ဆံပင်လဲရေမသုတ်ဘူး "
"မဖျားပါဘူး အမေကလဲ သမီးခေါင်းလျှော်နေလို့ ရေချိုးတာကြာသွားတာရယ်"
ဟက်ချိုး..
ဟက်ချိုး.
"မဖျား ဘူးသာပြောနေတာ အခုတောင် နှာစီးနေပြီ ခိုးပွင့်ဆေးသောက်လိုက်အုံးနော် သမီးငယ်ညစာမစားတော့ဘူဆိုရင် အမေအောက်ထပ်သွားပြီး ငြီးအဖေကိုယ် ထမင်းခူးပေးလိုက်အုံးမယ်"
"ဟုတ်အမေ"
ကောင်းခန့်မောင်က ရှင်းသန့်ကိုကို ကိုယ်ဖုန်းဆက်တာငါးရက်ရှိပြီ ဖုန်းလဲမကိုင်ဘူး သူအိမ်သွားရင်လဲ အလုပ်အစောကြီးသွားတယ်
"ရှင်းသန့် ဘာလို့ဖုန်းမကိုင်တာလဲ အခန်းမီးလဲ အစောကြီးပိတ်ထားတယ် အခုမှ ၉နာရီဘဲရှိသေးတာ အိပ်ပြီလား မသိဘူး မနက်ဖြန်မနက်ကျ ရှင်းသန့်ကိုယ်ရအောင်တွေ့ရမယ် "
أنت تقرأ
ရန်မဖြစ်တော့ဘူး
عاطفيةအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...