Part 5
"ရှင်းသန့်ကို ခုဏက နင်နဲ့ဖုန်းပြောနေတဲ့ ကိုကိုဆိုတဲ့ အကောင်ကဘယ်သူလဲ ငါကိုပြောစမ်း"
"မောင် နင်နဲ့ဘာဆိုင်လို့ ငါ့ကို မေးနေတာလဲ ငါ့ဘာသာငါဘယ်သူနဲ့ဖုန်းပြောပြောပေါ့"
"ဆိုင်တယ် နင်ကငါ့သူငယ်ချင်းအရင်းကြီးလေ"
"အော် အခုမှသူငယ်ချင်းလာတော်နေတယ် အံဩတယ်နော် ငါကနင်သူငယ်ချင်းဆိုရင် နင်ငါ့ကိုအဆောင်သွားတုန်းကလိုက်ပို့ပေါ့ ပြီးတော့ငါကိုယ် စာမေးပွဲဖြေနိင်ရဲ့လားလို့မေးဘူးလား ပြောတော့သူငယ်ချင်းအရင်းကြီးဆိုဟမ်"
"ရှင်းသန့်ကို ငါနင့်ကိုတကယ်ပြောတာပါ ငါနင်အဆောင်သွားတဲ့နေ့က ဒီကောင်နှစ်ကောင်နဲ့မုန့်စားနေတာ နင့်ကိုလိုက်ပို့ရမှာကိုယ်သတိရတော့ ၅နာရီထိုးနေတာနဲ့ ဒီနှစ်ကောင်ကမသွားနဲ့တော့တဲ့ ရှင်းသန့်ကိုကိုကဖြင့် အဆောင်ရောက်နေလောက်နေလောက်ပြီလို့ပြောလို့ ငါမလာလိုက်တာ ငါကိုယ်စိတ်မဆိုးနဲ့နော် "
မောင် နင်စဉ်စားမိလား ငါသာနင့်ကို စိတ်ဆိုးတယ်ဆိုရင် ငါအဆောင်ကပြန်လာလာချင်း အန်တီသင်းဆီလာပါ့မလား ငါငယ်ငယ်ကတည်းကနေ အခုချိန်ထိ နင့်ကိုဘယ်တုန်းကကြာကြာစိတ်ဆိုးဘူးလို့လဲ ငါကသာနင်ငါ့ကို စိတ်ဆိုးမှာ စကားမပြောတော့မှာကိုယ် ကြောက်ခဲ့ရသူပါ
"ရှင်းသန့်ကို နင့်ကိုယ် ကောင်းခန့်မောင်က ပြောနေတယ်လေ "
"သိတယ် "
"ရှင်းသန့်ကိုကို ရာ ငါ့တို့သူငယ်ချင်းကောင်းခန့်သနားပါတယ် နင်ကလည်း သူကိုစိတ်မဆိုးနဲ့တော့လေ"
"စိတ်မဆိုးစေချင်ရင် မောင် နင်ငါ့ကိုအကင်ဝယ်ကျွေး ဝယ်ကျွေးရင်ခေါ်မယ် မကျွေးရင်မခေါ်ဘူး"
"ရှင်းသန့် နင်ငါ့ကိုစိတ်မဆိုးတော့ဘူးပေါ့"
"အကင်ဝယ်ကျွေးမှ မောင် နင့်ကိုငါစကားပြောမယ် မဟုတ်ရင်မပြောဘူး"
"ဝယ်ကျွေးမယ်"
"အဲဆိုပြီးတာဘဲ "
"ရှင်းသန့်မ နင်အကင်စားချင်တာကနောက်ထား ခုဏက ဖုန်းကိစ္စဆက်ပြောအုံး နင်ကိုကိုလို့ခေါ်တဲ့လူကဘယ်သူလဲ ငါတို့ကိုပြောပါအုံး"
BẠN ĐANG ĐỌC
ရန်မဖြစ်တော့ဘူး
Lãng mạnအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...