Part 4
စာမေးပွဲဖြေတဲ့ ၆ရက်လုံး အဆောင်ကကားနဲ့လိုက်ပို့တော့ အမေနဲ့အဖေက ကျောင်းရှေ့ကစောင့်နေတယ်
ရှင်းသန့်တစ်ဘာသာဖြေပြီးတိုင်းအန်တီးသင်းနဲ့ဦးလေး ကဖြေနိင်လားဖုန်းဆက်မေးတယ် ရှင်းသန့်ကိုဖြေနိင်လားတစ်ခွန်းမှ မမေးသူကတော့ မောင်ပေါ့ ရှင်းသန့်က တော့ မောင်ဖြေနိင်လာလို့ အန်တီသင်းကို မြန်မာစာဖြေတဲ့နေ့ကနေ ဘောဂဖြေတဲ့နေ့ထိ မေးတယ် မောင်နင့်ကိုငါစိတ်ဆိုးတယ် ငါကိုနင်ရဲ့သူငယ်ချင်းဆိုတာနင်မှတ်မိသေးရဲ့လား"ရှင်းသန့်ကို မနက်ဖြန်ဆို ငါတို့တွေ စာေမးပွဲဖြေလို့ပြီးပြီ အိမ်ပြန်ရတော့မယ် သဘက်ခါကျရင် ငါနင်အိမ်လာခေါ်လိုက်မယ် မုန့်သွားစားမယ်"
"အေး ငါစောင့်နေမှာနော် မလာလို့ကတော့ ဖူးပွင့်မငါ့ အကြောင်းသိမယ်"
"နင့်အကြောင်းကဘာလဲ အော် အဆောင်စရောက်တဲ့နေ့က သနပ်ခါးကိုပဲကြီးအိုးထဲ ပြုတ်ကျထားတဲ့ပုံစံလိမ်းတယ် အခုကျ ပါးကွပ်သေးလေးဘဲလိမ်းတယ် အရမ်းလှလာတယ် အဲဘဲမှတ်လား"
"ပရမ်းပတာပြောနေပြန်ပြီ ပါးကွပ်ပြောင်းကွပ်တာနဲ့လှလာပါ့မလား အရူးမလေးရဲ့"
"နင်ကတကယ်လှလာတာ နင်အဆောင်ရောက်လာတုန်းကပုံစံနဲ့ အခုပုံစံနဲ့ကတစ်ခြားစီဘဲ မယုံရင် ဟိုကောင်သူရဇော်ကိုမေးပြရမှာလား "
"မမေးပါနဲ့ ဆရာမဆူတာခံချင်လို့လား ဖူးပွင့်မရဲ့"
"သမီးဖြေနိင်လား "
"ဖြေနိင်တယ်အမေ နဲ့အဖေ"
"လာတက် အဆောင်သွားပြီးအဝတ်စားတွေသွားယူကြမယ်လေ"
"ဟုတ် "
"ရှင်းသန့်ကိုကို သမီးဖြေနိင်လား"
"ဖြေနိင်တယ်ဆရာမ"
"အေးအေး သမီးရဲ့အဝတ်စားတွေလာယူတာမှတ်လား"
"ဟုတ်"
ဆရာမက ရှင်းသန့်ကိုကိုနဲ့ဖူးပွင့်ရယ် သူရဇော်တို့အဖွဲ့ကိုယ်ကြည့်ပြီးပြောလိုက်တယ်
"စာမေးပွဲပြီးပြီ ဆိုပြီးလျှောက်မသွားနဲ့အုံးနော်"
"မသွား ပါဘူးဆရာမကလည်း"
أنت تقرأ
ရန်မဖြစ်တော့ဘူး
عاطفيةအိမ်နီးချင်းဖြစ်တဲ့အပြင် မိဘတွေကအရမ်းရင်းနှီးကြတဲ့ မတည့်အတူနေ ငယ်သူငယ်ချင်းနှစ်ယောက် ကောင်းခန့်မောင် "ရှင်းသန့်ကို နင် ဘယ်တော့ ကလေးစိတ်ပျောက်မှာလဲ ငါ့စကားဆို နားမထောင်ဘူး နင်လုပ်ချင်တာတွေဘဲလုပ်နေေတာ့မှာလား ယောက်ကျားလေးတွေနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြ...