ရန်မဖြစ်တော့ဘူး(7)

2.9K 83 1
                                    

Part7

"ရှင်းသန့်နင်က ခွေးလား ငါ့ကိုကိုက်ရအောင် ခွေးမလေး ရှင်းသန့်ကိုကို"

ရှင်းသန့်ကိုယ် ခွေးလို့ပြောနေတဲ့မောင့်ကို အမြင်ကပ်လို့ထပ်ကိုက်ပြစ်လိုက်တယ်

"အား.."

"ခွေးမလေး ဘာလို့ထပ်ကိုက်တာလဲ"

"ကိုက်ချင်လို့ ကိုက်တာ ဘာဖြစ်လဲ "

ကောင်းခန့်မောင်ကို ရှင်းသန့်ကိုကိုက စနေချိန်
မိုးပေါက်လေးတွေကျလာသည်

"ရှင်းသန့်လာ မိုးကျလာပြီ အိမ်ပြန်ရအောင်"

"မပြန်သေးဘူး ခဏနေအုံး ငါမိုးရေဆော့ချင်သေးတယ် "

"လာပြန်မယ်ရှင်းသန့် နင်မိုးရေထိလို့မရဘူးလေ ဖျားလိမ့်မယ် "

"မောင် လုပ်ပါ ငါမိုးရေဆော့ချင်လို့ပါနော်လို့"

"ခဏ‌ေလးဘဲနော်"

သူ့ကိုမျက်နှာငယ်လေးနဲ့ မိုးရေဆော့ချင်လို့လုပ်ပြနေတာ မဆော့နဲ့ပြောရင်စိတ်ဆိုးအုံးမယ်

ရှင်းသန့်ငယ်ငယ်က မိုးမိပြီးအဖျားကြီးပြီး ၁ပတ်လောက်ဖျားသွားတယ် အဲနောက်ပိုင်းရှင်းသန့်ကို ဘယ်သူမှမိုးရေမ‌ေဆာ့ခိုင်းကြတော့ဘူး

"ညှောင်..ညှောင်.."

"မောင် နင်ကြားလိုက်လား ဘာသံလဲ"

"ညှောင်.."

"ကြားတယ် ဘာသံနေနေလာပြန်စို့ အအေးပတ်လိမ့်မယ် "

"မောင် ဟိုမှာသစ်ပင်‌ေပါ်မှာ ကြောင်လေး ‌မိုးရေတွေနဲ့ချမ်းပြီးတုန်နေတာ အောက်ချပေးလိုက်ပါ"

ကောင်းခန့်မောင်က ‌သစ်ပင်ပေါ်မှာအော်နေတဲ့ကြောင်လေးကို သစ်ပင်ပေါ်တက်ပြီး ‌ခေါ်လာတယ်

"မောင် ဖြေးဖြေးဆင်း ပြုတ်ကြမယ်"

ရှင်းသန့်ကြည့်လိုက်‌ေတာ့ ကြောင်လေးက မောင်လက်ထဲမှာချမ်းလို့နေမှာတုန်နေတာ

"ရော့ နင်ချီချင်နေတာမှတ်လား"

"အင်း မောင်ကြောင်လေးကတုန်နေတာ ပိုင်ရှင်မရှိဘူးလားမသိဘူး မိုးတွေကလည်းရွာနေတာကြောင်လေးကိုမိုးရွာထဲမထားခဲ့ချင် ဘူး "

ရန်မဖြစ်တော့ဘူးOù les histoires vivent. Découvrez maintenant