အပိုင်း-၁

14.1K 634 29
                                    

"La La La La La La La La~
It's so beautiful and shinning day~~"

Hometown Cha Cha K drama ၏ ဇာတ်ဝင်‌တေးသီချင်းကို ခေါင်းယိမ်းကာ အပြုံးနှင့် နားထောင်နေသည့် အမျိုးသမီး လူငယ်တစ်ယောက်။ ဘေးတွင်လည်း ရွယ်တူ အမျိုးသမီး၊ အမျိုးသားများ အယောက် နှစ်ဆယ်ကျော်ခန့် တန်းစီနေကြသည်။ အားလုံးသည် ဝန်ထမ်းကတ်ကိုယ်စီ၊ ရုံးဝတ်စုံနှင့်ပါ။ အမျိုးသမီးများဆိုလျှင် ဘေးခွဲ အင်္ကျီအဖြူနှင့် နက်ပြာရောင် ထဘီများဖြစ်ပြီး အမျိုးသားများဆိုလျှင် အဖြူရှပ်လက်ရှည်နှင့် နက်ပြာရောင် ဘောင်းဘီရှည်များဖြစ်ကြသည်။

သူတို့သည် အားကစားဝန်ကြီး ဌာနလက်အောက်မှ ဖြစ်ပြီး ICRC နှင့် ပူးပေါင်းကာ ဖွဲ့စည်းထားသည့် Hpa-an Orthopedic Rehabilitation Center(HORC)က ဝန်ထမ်း ဆရာ၊ ဆရာမများ။ HORC သည် Physical disabilities(PWDs) တို့ ပြန်လည် ထူထောင်နိုင်ရေးအတွက် အဓိက ပြုလုပ်ခြင်း။ အထူးဒေသတွေ အနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အရှေ့ပဲခူးတို့တွင် အခမဲ့ ပြုလုပ်ပေး၏။ ယခုမူ သူတို့သည် မကြာခင် ရောက်လာမည့် အထက်လူကြီး မန်နေဂျာကြီးကို ကြိုဆိုနေကြခြင်းပင်။

"ဟဲ့ မနော် အရမ်းပျော်နေတယ်ပေါ့ ဟုတ်လား"

ဘေးက အမျိုးသမီးက မနော် ဆိုသည့် အမျိုးသမီးကို လက်ကုပ်ပြီး မေးလာသည်။ မနော်က အပြုံးနှင့် ခေါင်းညိတ်ပြ၏။ ထို့နောက် ဖုန်းကို ပြန်သိမ်းပြီး တိမ်ကင်းစင်ကာ ကြည်လင်နေသော မိုးသား လွင်လွင်ကို မော့ကြည့်လျက်-

"ငါ့ Sunny လေး ရောက်လာမှာဆိုတော့ ဘယ်လိုလုပ် မပျော်ရမှာလဲ"

"အံမယ် ဂျာကြီးကို ပစ်မှားနေတာ၊ သူက ငါတို့ရုံးရဲ့ ဂျာကြီး‌ပါနော်၊ နင့် Sunny မဟုတ်ဘူး"

ဂျာကြီးဆိုသည့် စကားကို ကြားသည်နှင့် အားလုံးသည် မပြုံးဘဲ မနေနိုင်။ မချီးကျူးဘဲ မနေနိုင်။ စိတ်မကြည်လင်ဘဲ မနေနိုင်။

ယခုလည်း ဂျာကြီး၏ ဋီကာကို စဖွင့်ဖို့ မနော်က ချောင်းကို ဟန့်သည်။

"အဟမ်း...ဘာလို့ Sunny မဖြစ်ရမှာလဲ၊ အချိန်တိုင်း အပြုံးနဲ့ တောက်ပနေတဲ့သူက အားလုံးအတွက် နေသာတဲ့နေ့ပဲ၊ မျက်နှာလည်းရွှင်၊ သဘောလည်း ကောင်းပြီး စကားလည်း အမြဲချိုနေရော၊ ဂျာကြီး is perfect၊ ရုပ်ရည်ကအစ မပြည့်စုံတာ မရှိဘူး၊ အား...ပြောရင်းတောင် ဂျာကြီးကို မြန်မြန် တွေ့ချင်လာပြီ"

Be my soulmate (U/Z){Completed}Where stories live. Discover now