အပိုင်း-၃၀

2.4K 177 11
                                    

နှစ်ပတ်အကြာတွင် ဖြစ်သည်။

"×××ကိုကြီး ကိုကြီး ချွဲချွဲနွဲ့နွဲ့ ခေါ်ချင်တယ်××× ကိုကြီး ကိုကြီး အသည်းနှလုံးက ခေါ်ကာရယ်××× ကိုကြီး ကိုကြီး မုန်းလို့မသွားနဲ့ ဆိုချင်တယ်×××"

ရေချိုးခန်းထဲမှ အဆိုတော် မေဆွိ၏ 'ကိုကြီး ကိုကြီး' သီချင်းကို မြူးမြူးကြွကြွ အော်ဆိုနေသော အယ်အယ်ကြောင့် Edris မှာ အဝတ်ပင် ဖြောင့်အောင် မသိမ်းနိုင်ဘဲ ဗိုက်နှိပ်‌ရယ်နေရသည်။

သမန်နေ့တွင် ကျရောက်မည့် အယ်အယ်၏ ၁၉ နှစ်မြောက် မွေးနေ့ပွဲအတွက် ရွာမှာ ပြန်လုပ်မည်ဟု ဆိုထားသောကြောင့် အဝတ်တွေ ကြိုသိမ်းထားခြင်း။ သို့သော် ယခု ပြီးနိုင်ပါ့မည်လား။

"×××တစ် နှစ် သိပ်သိပ်ချစ်မယ်××× သုံး လေး အမြဲ ချစ်ပါ့မယ်××× ဟောဒီ တစ်သက်လုံး××× ရင်မှာ အချစ်ဆုံး×××"

"×××ကိုကြီး ကိုကြီး အနားတိုးကပ်လို့ ခေါ်ကာရယ်××× ကိုကြီး ကိုကြီး ခွဲလို့မသွားနဲ့ ဆိုချင်တယ်××× ကိုကြီး ကိုကြီး ချစ်ဖို့ကောင်းအောင် ခေါ်မယ်×××"

တစ်ကိုကြီးတည်း ကိုကြီးနေသော အယ်အယ်ကြောင့် Edris မှာ အူတွေ အသည်းတွေ ယားလာရာ မနေသာတော့ဘဲ မွေ့ယာထက်မှ ဝုန်းခနဲ ထွက်ကာ ရေချိုးခန်းထဲ ပြေးဝင်၏။

"ကိုကြီး လာပြီဗျ"

အယ်အယ်က ပြုံးစစနှင့် Edris ကို တစ်ချက်သာ ဝင့်ကြည့်သည်။ ပြီးသော်-

"ကိုကြီးကို ခေါ်တာ မဟုတ်ဘူး၊ သီချင်းဆိုနေတာ"

"Ah hmm"

ရေချိုးခန်း တံခါးဘောင်ကို လက်တစ်ဖက် ထောက်မှီလျက်သား အယ်အယ့်ကို ချစ်မဝနိုင်စွာ ကြည့်လျက်-

"မသိပါဘူး၊ ကိုကြီး ကိုကြီးပဲ ကြားနေရလို့"

"အဝတ်တွေ သိမ်းပြီးပြီလား"

"Nope"

အယ်အယ်က ပြီးအောင်သွားလုပ်ဟူသော အမိန့်ကို အကြည့်ဖြင့် သတိပေးသည်။ Edris နှုတ်ခမ်းစူလျက် ပြန်သွားလိုက်ရသည်။

ခဏ်းမှာ မကျေမချမ်း ဖြစ်သွားသော ကလေးကြီး၏ ကျောပြင်ကျယ်ကို ကြည့်ပြီး သဘောကျစွာ ပြုံးလျက် ခေါင်းခါမိသည်။ ထို့နောက် ခြေတုဆေးခြင်း အမှုကို ဆက်လုပ်နေ၏။

Be my soulmate (U/Z){Completed}Dove le storie prendono vita. Scoprilo ora