အပိုင်း-၂၈

2.2K 194 6
                                    

Edris ပြန်သတိရလာတော့ ပိန်းပိတ်အောင် မှောင်မဲနေသော အခန်းငယ် တစ်ခုတွင် ရောက်နေကြောင်း သိရ‌သည်။ ဤသည်ကပဲ Edris နှင့် အံဝင်ခွင်ကျ ဖြစ်နေသေး၏။

သူဟာ အမှောင်ထုမှာပဲ နေသင့်သည့် သူ တစ်ယောက်။ အမှောင်ထုနှင့်ပဲ အံဝင်ခွင်ကျသည့် လူမိုက် တစ်ဦး။

သူ့အဖေက ကောင်လေးအပေါ် အပြစ်တွေ ကျူးလွန်ထား၍ သူသည်လည်း ကောင်လေးနှင့် မထိုက်တန်။ ကောင်လေးကို ချစ်ဖို့ မသင့်။

နံရံဟု ထင်ရသော အပိတ်တစ်ခုတွင် မှီထားကာ ခြေကုပ်ထိုင်ပြီး Edris တွေတွေလေး ထိုင်နေသည်။ အေးစက်နေသော ခြေချောင်းတွေကို ဆုပ်ကိုင်ထားကာ မေးကို ဒူးနှစ်ဖက်ပေါ် တင်ထားပြီး ဘာမှ မမြင်ရသော အမှောင်ထုထဲကို ငေးကြည့်နေ၏။

တွေးချင်သမျှကို အဆုံးထိ တွေးရင်း အခန်းငယ်လေးကို သတိထားမိလာသည်။

အခန်းငယ်ထဲ အသစ်စက်စက် အိမ်သုတ် ဆေးနံ့တွေ။ အချိန်ကိုက်စွာ တဂျောက်ဂျောက် မြည်နေသည့် နာရီလက်တံ ထိုးချက်တွေ။ အမှောင်ထုနှင့် နေသားကျလာတော့ ကုတင်တစ်လုံး၊ ခုံတစ်လုံးတို့က အခန်းထဲတွင် ရှိကြောင်း ခပ်ရေးရေး မြင်နေရသည်။

ကုတင်ကို မြင်နေရသော်ငြား သွားအိပ်ရန် Edris စိတ်ကူး မရှိခဲ့။ နာရီလက်တံ၏ ရွေ့လျားသံကို နားစွင့်နေရင်း ထိုနေရာလေးသာ ကုပ်ကုပ်ကလေး ထိုင်နေမိသည်။

နာရီလက်တံ အကြိမ် ၃၆၀ ကြိမ်ရွေ့သော် အခန်း တံခါးက ပွင့်လာ၏။

ရုတ်တရက် အလင်းရောင်က စူးခနဲ ဝင်လာရာ Edris မျက်လုံးစူးသွားသဖြင့် မျက်လုံးကို လက်ဖြင့် အမြန် ကာထားလိုက်သည်။ မကြည့်ပေမဲ့ လာဖွင့်သည့်လူက အန်ဘီဖြစ်ကြောင်း Edris သိလေပြီ။

"ဒီမှာ သုံးရက်လောက် နေရလိမ့်မယ်၊ မင်း ရုံးကိုလဲ ငါ အကြောင်းကြားထားပြီးပြီ"

"ဘယ်လို ပြောထားလဲ"

"နေမကောင်းဘူးလို့"

Edris စကားပြောလိုက်မှ အာခေါင်က ခြောက်အက်နေမှန်း သိရတော့သည်။

"I'm thirsty"

သူ တောင်းဆိုတော့ အန်ဘီက ရေဗူးတစ်ဗူးကို ဘုတ်ခနဲ ပစ်ချလာ၏။ Edris အမြန် ကောက်ယူပြီး ရေကို အငမ်းမရ သောက်သည်။ သူ့ပုံစံက အကျဉ်း သမားတစ်ယောက်နှင့် တူနေမည်ဟု တွေးပြီး စိတ်မကောင်း ဖြစ်ရသေး၏။

Be my soulmate (U/Z){Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ