ဘားအံမြို့၏ အားကစား ခန်းမကြီးထဲတွင် လူများနှင့် ပြည့်နှက်နေသည်။ အကြောင်းမှာ HORC ဌာနရှိ မသန်စွမ်းကလေးများ နွေရာသီ အားကစားပြိုင်ပွဲများ ရှိသောကြောင့်ပင်။
ရက်သတ္တပတ်၏ အစဖြစ်သည့် တနင်္လာနေ့ဖြစ်လို့ ရုံးဝတ်စုံနှင့် ဝန်ထမ်းဆရာ၊ ဆရာမများရော လူနာနှင့် လူနာစောင့်များပါ လန်းဆန်းနေကြသည်။ အပြုံးပန်းတွေ ဝေနေကြပါသည်။ မနက် ၉ နာရီအချိန်ကတည်းက ပြိုင်ပွဲတွေ ကျင်းပလာကြရာ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ စလာလေပြီ။
ခဏ်းသည် ပြိုင်ပွဲတွင် မပါဝင်သဖြင့် ပရိတ်သတ် ကြည့်စင်တွင် ဖဒွန်နှင့်ထိုင်ပြီး ကစားနေကြသော သူများကို ကြည့်နေသည်။ ခဏ်း ဝတ်ထားသည်က ဆရာ၊ ဆရာမများ၊ မသန်စွမ်းများနည်းတူ အဖြူအပြာ ဝတ်စုံဖြစ်ပြီး ဖဒွန်ကမူ အဖြူ၊ အပြာနု ကွက်စိပ် ရှပ်အင်္ကျီ လက်တိုနှင့် အနီရောင် ကရင်ပုဆိုးနှင့်ပါ။ လေးထောင့် မျက်မှန်ကြီးလည်း မပါမဖြစ်ပေါ့။
ဖဒွန်၏ လက်မောင်းကြီးကို တွဲကိုင်ထားရင်း ခဏ်း အရှေ့ကို ပြန်ကြည့်နေလိုက်သည်။ အခြားသူများက မိမိတို့ သဘောကျကြသည့် အားကစားသမားများကို အားပေးနေကြသော်လည်း ခဏ်းက ကြည့်နေရုံပင်။
ဆရာ၊ ဆရာမတွေ ဝတ်လာခိုင်းသည့် HORC တံဆိပ်ပါ အဖြူရောင် တီရှပ်နှင့် အပြာရောင် ဘောင်းဘီတိုတို့ကို ဝတ်ထားသော ခဏ်းသည် အပြာရောင် လျှာထိုး ဦးထုပ်ကိုပါ ဆောင်းထား၏။ ဖဒွန်က ချွတ်ခိုင်းသော်လည်း ခဏ်း နားမထောင်ပါ။ အကြောင်းမှာ ခဏ်း ဆံပင်ညှပ်ထားသောကြောင့်ပင်။ ဟိုလူကြီး မြင်မည်ဆိုး၍ ခဏ်း ဖုံးကွယ်ထားခြင်းပါ။
သို့ရာတွင် ဟိုလူကြီးမှာမူ တစ်မနက်လုံး ခဏ်းဆီကို တစ်ချက်မျှ ကြည့်မလာသေး။ ပွဲကိုရောက်လာသည့် အချိန်ကတည်းက လူကြီးတွေနှင့် စကားပြောနေသည်။
ဝေ့...သူလာလာ မလာလာ ယာနဲ့ ဘာဆိုင်လို့လဲ။ စောင့်နေစရာ မလိုဘူး။ ဒီဦးထုပ်လဲ ဆောင်းစရာ မလိုဘူး။
စိတ်ပေါက်ပေါက်နှင့် ဦးထုပ်ကို ချွတ်ပစ်ကာ ဖဒွန်ဆီ ပစ်ပေးလိုက်သည်။
ESTÁS LEYENDO
Be my soulmate (U/Z){Completed}
Romance"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ်၊ လောကကြီးက သောက်ကျိုးနည်းပဲ" ခ...