အပိုင်း-၁၉

1.9K 202 6
                                    

မနက် ခြောက်နာရီ ထိုးသည်နှင့် မျက်လုံးက အော်တို ဖွင့်ပြီးသား။ ချက်ချင်း မထနိုင်ဘဲ လက်မောင်းပေါ် ခေါင်းအုံးလျက် အိပ်မောကျနေသည့် ကောင်လေးကို Edris သေချာ ကြည့်နေမိသည်။

မှိုအုပ်ကေ ဆံပင်နက်က မျက်ခွံအထိ ကျနေသည်မို့ ဆံစတွေကို ဖွဖွလေး သပ်တင်ပေးမိသည်။ ထိုအခါ စိမ်းဖန့်ဖန့် မျက်ခုံးမွေး နှစ်တန်းက ထင်းခနဲ။ သေချာ အနီးကပ်ကြည့်မှ ဘယ်ဘက် မျက်ခုံးတန်းတွင် မှဲ့ဝါ တစ်လုံး။

"လှလိုက်တာ"

Edris သည် အပြုံးနှင့် ခပ်တိုးတိုး ရေရွတ်မိရင်း မျက်နှာအနှံ့ကို သေချာ ဆက်ကြည့်နေလိုက်၏။

မျက်လုံး မှိတ်ထားသောကြောင့် နုစိပ်နေသည့် မျက်တောင်တိုတွေက ပိုရှည်နေသယောင်။ ပါးပြင်နုရှိ သွေးကြောစိမ်း၊ မွေးညင်းတွေက အေးချမ်းစွာ မင်းမူနေကြသည်။ နှာတံလုံး အောက်က နှုတ်ခမ်းဖူး အစုံသည် အိပ်နေရင်းပင် အနည်းငယ် စူထွက်နေသယောင်။

ထိုနှုတ်ခမ်းဖူးကို ထိတွေ့ချင်လှသော်လည်း ကောင်လေး နိုးမည် စိုးသဖြင့် မထိဖြစ်တော့။

ထိုအစား မျက်ခုံးထက်က မှဲ့ဝါလေးကို နှုတ်ခမ်းနှင့် ဖွဖွလေး ဖိကပ်မိသည်။ နမ်းနေရင်း-

Oh my gosh...!! What am I doing?

ကိုယ့်ခေါင်းကို တဖွဖွ ထုပြီး ကောင်လေးကို ညင်သာစွာ ပြန်ဖယ်သည်။ စောင်ထဲမှ အသာအယာ ထွက်ကာ ရေချိုးခန်းဆီ အမြန် ပြေးသွားမိ၏။

တဆတ်ဆတ် ခုန်လာသော ဝဲရင်ဘတ်ကို Edris ဖိပိတ်ရင်း ပူထူလာသော မျက်နှာကို ရေအေးအေးနှင့် အမြန် သစ်ချမိသည်။ နှုတ်ခမ်းဖူးက မြင်လွှာထဲ ပြန်ဝင်လာရာ ရင်အစုံက အခုန်မြန်လာပြန်၏။ Heating ခံရသလို မျက်နှာပြင်ကလည်း တဖြန်းဖြန်း နွေးတက်လာပြန်ကာ အပူကျအောင် ရေခဲနှင့်ပါ သွားကပ်ရသည်အထိ။ တစ်နေရာမှလည်း မူမမှန်သည်ကို Edris ချက်ချင်း ခံစားမိပါသည်။

ဘုရားရေ...။

Edris တကယ် ရူးနေပြီ။ ဖြူစင်တဲ့ ကောင်လေးကိုမှ။

Masturbation မှာ Janitor ကို လုံးလုံး မမြင်နိုင်ဘဲ။ ကောင်လေးကိုပဲ။ ကောင်လေးနဲ့မှ...။

Be my soulmate (U/Z){Completed}Donde viven las historias. Descúbrelo ahora