အပိုင်း-၃

4.3K 359 27
                                    

ဧပြီလ နှောင်းပိုင်း၊ သာယာသော မနက်ခင်းအချိန်၌ HORC တွင်ကား မနက် ၈ နာရီကတည်းက လေးထောင့်အဆက် ပုံစံရှိသော ဌာနလေးခုစလုံးတွင် အသီးသီး အသက်ဝင်နေကြသည်။

တောင်အရပ်တွင် ဝန်ထမ်းဆရာ၊ ဆရာမများ၏ ဌာနဖြစ်သောကြောင့် ကွန်ပျူတာ စက်ရိုက်နှိပ်သံမှအပ တိတ်ဆိတ်နေ၏။ တစ်ဆက်တည်း အမျိုးသမီးများ အဆောင်ကလည်း တိတ်ဆိတ်စွာ။ နေဝင်သည့် အရပ်တွင် ခြေတု/လက်တု ပြုလုပ်ရသည့် ဌာနဖြစ်သဖြင့် စက်ကိရိယာ၏ အသံတို့က တဝီးဝီး တတုတ်တုတ်နှင့် ညံနေသည်။ မြောက်မျက်နှာ အရပ်တွင် အမျိုးသား အဆောင်နှစ်‌ဆောင်နှင့် စားဖိုဆောင် ရှိသည်။ စားဖိုဆောင်တွင် လူနာများအတွက် နေ့လယ်စာ ချက်ပေးဖို့ ပြင်ဆင်နေသဖြင့် ထိုဌာန အဆောင်တို့မှ ငါးပိရည်ကျို၊ ဟင်းရနံ့တို့ မွေးပျံ့စွာ ရနေသည်။

ဆရာ၊ ဆရာမများသည် လူနာတွေကို round လှည့်ပြီးသည်နှင့် လူနာ၊ လူနာစောင့် အားလုံးကို အခန်းထဲတွင် မနေခိုင်းဘဲ အပြင်တွင်သာ အကုန်ထွက်စေ၏။ အလကား ထွက်ခိုင်းခြင်းမျိုး မဟုတ်ဘဲ ကလေး လူနာစောင့်တွေကို လူနာနှင့်အတူ ဆော့ပေးစေခြင်းမျိုး။

သို့နှင့် နေထွက်ရာ အဆောင်ဌာနဘက်ကား တဝီးဝီး လည်နေသော အဖြူရောင် ဒလက် ပန်ကာအောက်တွင် အရုပ်နှင့်ကစားသူက ကစား၊ ကြက်တောင်ရိုက်သူက ရိုက်၊ စာဖတ် ဝါသနာပါသူက စာဖတ်၊ ခြင်းလုံးခတ်သည့် အဖွဲ့က ခြင်းခတ်နှင့် လှုပ်ရှား အသက်ဝင်စွာ အသံတွေသည် တဝေါဝေါ ညံနေသည်။

တစ်ဖက်တွင်တော့ ခြေတုမလုပ်ခင် အခြေခံဖြစ်သည့် ပတ်တီးစည်းခြင်း၊ ခြေထောက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ကို လုပ်ရသည့်အတွက် ဆရာ၊ ဆရာမ တစ်ယောက်က ဦးဆောင် လမ်းညွှန်ပေးရာ ထိုအနီးတဝှိုက်တွင် ဆရာမ တစ်ဦး၏ အမိန့်ပေးသံမှာ တညံညံ။ ထို့အတူ ခြေတုအကြမ်းနှင့် လမ်းလျှောက် လေ့ကျင့်နေကြသည့် လူနာများလည်း သုံးလေး ငါးယောက်။

Edris တစ်ယောက် လှုပ်ရှား အသက်ဝင်နေသော အဖြူ၊ အပြာရောင်ဆေး သုတ်ထားသည့် HORC ဌာနကို ကြည့်ရင်း မနက်ခင်းကတည်းက ပြုံးနေမိသည်။ ထို့နောက် ခြေတု အကြမ်းနှင့် လမ်းလျှောက် လေ့ကျင့်နေသည့် လူနာတွေကို ခပ်လှမ်းလှမ်းက ကြည့်နေသော wheelchair နှင့် ကောင်လေးဆီကို ဦးတည်လိုက်သည်။

Be my soulmate (U/Z){Completed}Où les histoires vivent. Découvrez maintenant