အပိုင်း-၁၈

2K 211 11
                                    

Edris ၏ တောင်းဆိုချက်ကို ကောင်လေးက သဘောတူပြီး လာနေပေးပါသဖြင့် ကောင်လေးကို အနီးကပ် စောင့်ရှောက်ခွင့် ရသွားသည်။ ထိုကာလအတွင်း သခင်လေး တော်ဝင်ခဏ်း၏ အလိုအတိုင်း အကြိုက်ဆောင်ရသဖြင့် Edris ၏ daily life မှာပင် ပျောက်လုနီးပါး။

ဥပမာ အစားအသောက် ကြည့်ကြစို့။ မနက်စာနှင့် ညစာကို Edris ပဲ အကုန် ချက်ပြုတ်ရပြီး အစပ်မစားသည့် ကောင်လေးလို သူလည်း လိုက်စားရသည့်အတွက် အစပ်အရသာကိုပင် မေ့သွားတာမျိုး။ ညအချိန်ဆို အလုပ်ပင် မလုပ်ရဘဲ ကောင်လေးအတွက် စာပြပေးရသည်။ ညအိပ်ခါနီး ကောင်လေးအား အိပ်ယာဝင် ပုံပြင် ဖတ်ပေးပြီးမှ နှစ်ခြိုက်စွာ အိပ်ပျော်ကြောင်း အတည်ပြုရကာ စောင်ကို သေချာခြုံ၊ အခန်းမီးမှိတ်ပေး၊ အားလုံးပြီးမှ ကိုယ့်အခန်းမှာ အလုပ်ပြန်လုပ် ရတာမျိုး။

သို့ရာတွင် Edris ပျော်ရွှင်ရပါသည်။ အစ်ကိုကြီး တစ်ယောက် အနေနှင့် ဤမျှလောက် လုပ်ပေးသည်က မပြောပလောက်ပါ။

နောက်တစ်ချက်။ Edris သိလာရသည်က ကောင်လေး၏ နေထိုင်မှုပုံစံ။ ဤသည်မှာ တကယ့် သခင်လေးလိုပင်။ ထို့ကြောင့် Uncle က 'သခင်လေး' ဟု ခေါ်ခြင်းဖြစ်မည်။ ရွှေဇွန်းကိုက်ပြီး မွေးလာခြင်း။ ရွှေပုံပေါ် ထိုင်ရခြင်း။ ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် အချစ်ခံရခြင်း။ မိုးကျရွှေကိုယ်တော် စသော စကားလုံးများသည် ကောင်လေးနှင့် ကွက်တိ။

ဟုတ်သည်လေ။ ကောင်လေးက အစားအသောက်ဆို အလွန် ရွေးသည်။ ကြိုက်ပြီဟေ့ဆိုလျှင် မကုန်မချင်း စားပြီး မကြိုက်ဘူးဆို နည်းနည်းမျှမထိ။ ကရင်လူမျိုးပီပီ အသားငါးထက် အသီးအနှံတော့ အတော်ကြိုက်သည်။

အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်မည် ဆိုလျှင်လည်း ကောင်လေးသည် ရုပ်နှင့် မ‌လိုက်အောင် စုံထောက် မှုခင်းဇာတ်ကားတွေကိုသာ ရွေးကြည့်သည်။ အိမ်မှာနေလျှင်လည်း ဤနည်းအတိုင်းပင်။ Edris အကြိုက်ထက် ကောင်လေး စိတ်ချမ်းသာဖို့ရန် အလိုရှိသဖြင့် ဤအချိန်မျိုးဆို အကာအကွယ် ကြိုးမဲ့ နားကြပ်ကိုတပ်၊ မျက်လုံးကိုမှိတ်ပြီး လိုက်ထိုင်ပေးရုံ။

Be my soulmate (U/Z){Completed}Donde viven las historias. Descúbrelo ahora