Uncle...
Uncle က သက္ကလတ် ဖျင်အင်္ကျီနှင့် အပြာစင်းကြား ကရင်ပုဆိုး၊ အနက်ရောင် ကတ္တီပါ သဲကြိုးဖိနပ်တို့ကို ဝတ်ဆင်ထားပြီး လက်နောက်ပစ် ရပ်နေသည်။
"ဒီကို ဘယ်လိုလုပ်"
အံ့ဩစွာ ရေရွတ်ရင်း ကောင်လေးများ ပါမလားဟု Edris လိုက်ကြည့်သည်။ ဤသည်ကို Uncle က သိသွားဟန်။
"သခင်လေးက ကိစ္စလေး ပေါ်လာလို့ ရွာကို ပြန်တယ်"
"ဪ"
"ဘယ်သူလဲဟင်"
မေးလာသော Janitor ကြောင့် Edris အင်္ဂလိပ်လိုပဲ မိတ်ဆက်ပေးရတော့သည်။
"He's U Saw Don. Khann's uncle"
Janitor က ခေါင်းတညိတ်ညိတ်နှင့် ပါးချိုင့်နက်တွေ ထင်းနေအောင် ပြုံးပြလာကာ Uncle ဆီ လက်ကမ်း လာပါသည်။
"I'm Janitor. Edris's friend. Nice to meet you"
Uncle လည်း လက်ပြန်ကမ်းပြီး-
"Nice to meet you too"
လက်ဆွဲနှုတ်ဆက်အပြီး Uncle က Edris ကို ပြန်ကြည့်လာ၏။ ထိုအကြည့်တွေထဲ တစ်ခုခု ပြောချင် နေသလို။ ဤသို့နှင့် Janitor ကို အသိပေးရ၏။ Janitor လည်း ပစ္စည်းသွားဝယ်မယ်ဟု ဆိုကာ အလိုက်သိစွာ ထွက်သွားပေးပါသည်။
သူတို့နှစ်ဦးသည် ခုံတန်းပေါ်မှာ တိတ်ဆိတ်စွာ ထိုင်ကြသည်။
Uncle ဆီမှာ ဘာမှလည်း ပါမလာပါ။ ဤသည်ကို အဘယ်ကြောင့် လာသနည်းဟု မေးချင်သော်လည်း စေ့စေ့ပေါက်ပေါက် မေးသည်ဟု တစ်မျိုးထင်မည် စိုးသောကြောင့် Edris မမေးတော့။
"ခုနက သား ပြောတာကို ကြားလိုက်တယ်"
ကောင်လေးကို ချစ်ကြောင်း ပြောလိုက်တာကိုလား။
ဖြစ်နိုင်ပါသည်။ ဒေါသနှင့် ခပ်ပြတ်ပြတ် ပြောမိသဖြင့် အသံကျယ် သွားခဲ့ခြင်း ဖြစ်မည်။
Uncle ဘယ်လို တွေးလိမ့်မလဲ။ သူ့သခင်လေးအပေါ် မရိုးသားရကောင်းလားဆိုပြီး ဒေါသထွက်နေမလား။ လိင်တူကြိုက်တဲ့ လူထူးဆန်းလို့ မြင်သွားပြီး Edris ကို ရွံမုန်းနေမလား။
လက်နှစ်ဖက်ကို တင်းတင်းယှက်ပြီး Uncle ဘက် ခေါင်းငုံ့ကာ-
"ကျွန်တော့်ကို ရိုက်ချင် ရိုက်ပါ Uncle...ကျွန်တော် အမှန်အတိုင်းပဲ ဝန်ခံပါတော့မယ်၊ ကျွန်တော် ခဏ်းကို ချစ်တယ်၊ တစ်သက်လုံး စောင့်ရှောက် ပေးချင်တယ်"
![](https://img.wattpad.com/cover/311141243-288-k719610.jpg)
ESTÁS LEYENDO
Be my soulmate (U/Z){Completed}
Romance"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ်၊ လောကကြီးက သောက်ကျိုးနည်းပဲ" ခ...