3

3K 356 12
                                    


"ကျစ်.....Hyungမယုံသေးဘူးလား...
ကျနော် ဒီထက်ပိုအတွင်းကျကျကိစ္စတွေပါ
ပြောပြမှရမှာလား..."

အရှေ့ကတစ်ယောက်က သူ့ကိုပြောနေရင်းမှ
စိတ်မရှည်တော့သလို ဒေါသထွက်လာတယ်..။
အဲ့ဒါအပြင် တခြားဟာတွေပါထပ်ပြောဖို့ပုံစံ
လုပ်နေတော့ Jayမြန်မြန်တားပြီး
ပါးစပ်ကိုပါ အတင်းလိုက်ပိတ်ထားလိုက်မိသည်။

"နေ...နေ....ကိုယ်ယုံတယ်..Sunoo..
အာ..မဟုတ်ဘူး...Sunooဘယ်ဟုတ်မလဲ.. Won..
ကိုယ် ရုတ်တရက်ဆိုတော့ ဘာမှစဉ်းစားမရလို့..
အခု ရပြီနော်...Won...ဘာမှ
ထပ်မပြောနဲ့တော့နော်....."

Jungwonက Sunooကိုယ်ထဲရောက်နေတယ်တဲ့..။
Sunooကနောက်တတ်တဲ့လူမျိုးမဟုတ်သလို
သူနဲ့ Jungwonအကြောင်းတွေကို
Sunoo သိနေစရာအကြောင်းလဲမရှိ..။
ပြီးတော့ အခု Jungwonပါဆိုပြီး
Sunoo ပြောနေသမျှဟာတွေအကုန်လုံးကလဲ
သူနဲ့ Jungwon နှစ်ယောက်ထဲသာသိတဲ့
ကိစ္စတွေချည်းသာ။

အခုအခြေအနေက သူကလုံး၀မယုံနိုင်
လက်မခံနိုင် ဖြစ်နေတာမဟုတ်။
ဘာဖြစ်နေတာလဲဆိုတာကို ဆက်စပ်စဉ်းစားလို့
မရယုံသာ။ ဒါပေမဲ့ သူစဉ်းစားနေတုန်းကို
Sunoo ပါးစပ်ကနေ သူနဲ့Jungwon
နှစ်ကိုယ်ကြားဘဲသိတဲ့ ကိစ္စမျိုးတွေ
သူယုံအောင်ဆိုပြီး ထပ်ထွက်လာမှာကို
သူ ထပ်နားထောင်ရမှာမျိုးကတော့
သိပ်အဆင်မပြေဘူးလေ..။

တကယ်ဆို သူစိတ်သာရှုပ်နေတာ
အရှေ့က Sunooက Sunooမဟုတ်ဘူးဆိုတာကို
သူခံစားရသလို Jungwonလို့လဲ
သူခံစားရပြန်သည်။

ဒါပေမဲ့ ဘယ်လိုဖြစ်သွားတာလဲ.???

Jungwonက လွန်ခဲ့တဲ့တစ်လကမှ
သူနဲ့ရန်ဖြစ်ပြီးနောက် စိတ်ဆိုးပြီး
သူ့ကိုဖြတ်ထားခဲ့တာ။ Jungwonက
စိတ်မြန်လက်မြန်အပြင် ​ဒေါသကလဲ
ကြီးသေးတာမို့ သူ့ဘက်ကလဲ
Jungwonစိတ်အေးသွားတဲ့အချိန်မှ
သေချာ ချော့မလို့စိတ်ကူးနဲ့
ခဏ အဆက်အသွယ်ရပ်ခဲ့သည်..။

ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း သူပြန်တောင်းပန်ဖို့
အမျိုးမျိုး ဆက်သွယ်ခဲ့ပေမယ့် ဘယ်လိုမှ
ဆက်သွယ်လို့မရခဲ့။ နောက်ဆုံး
စုံစမ်းရသလောက် Jungwon က Seattle ကနေ
Koreaကို ထွက်လာခဲ့တယ်လို့သိရတာမို့
Jungwonကိုရှာပြီး ပြန်လိုက်ခေါ်ဖို့
သူ သိသိချင်း ကို ရုတ်တရက်ကြီး
ကိုးရီးယားကို ချက်ချင်းပြန်လာခဲ့တယ်။

Never Let You GoTempat cerita menjadi hidup. Temukan sekarang