"ဘာမှမဖြစ်ပါဘူး...ဘာမှမဖြစ်လို့လဲ
Sunoo ကို လူကြီးတွေက အခုချိန်ထိ
ဘယ်သူမှ ဘာမှ မပြောကြတာပေါ့..။
အတင်းအဖျင်းသတင်းတွေက
ဒီလိုဘဲ ရေးနေကြဘဲလေ...."သူ့ပခုံးတွေကို ခပ်ဖွဖွပုတ်ကာနှစ်သိမ့်နေတဲ့
Park Sunghoonက ဘာပြဿနာမှ
မဖြစ်တော့မယ့်အတိုင်း
လုံး၀ အေးအေးဆေးဆေးဘဲ။
ဒါပေမဲ့ လေသံအေးအေးနဲ့
မလိုက်ဖက်အောင်ကို Sunghoon ပုံစံက
အရမ်းပင်ပန်း နွမ်းနယ်နေသည်။Sunooကတော့ စိတ်အေးအေးမထားနိုင်။
သူကြောင့် Jungwonထိခိုက်မှာ သူစိတ်ပူသလို၊
သူ့ကြောင့် Sunghoonဖြေရှင်းနေရမယ့်
ကိစ္စတွေကို တွေးမိပြီးလဲ သူစိတ်မကောင်း
ဖြစ်ရတယ်။ အဲ့ဒါကြောင့်ဘဲ ဒီကိစ္စအတွက်နဲ့
Sunghoonရုံးခန်း အထိကို
သူမလာစဖူး လိုက်လာခဲ့ရတာပါဘဲ..။Sunoo နဲ့ Jungwonရဲ့ ပုံတွေဟာ
SNSတွေပေါ်မှာ သို့လောသို့လော
အတင်းအဖျင်း သတင်းမျိုးစုံနဲ့ပွထလို့။
Sunooက Jungwonအတွက်စိတ်ပူနေပေမယ့်
Jungwonကတော့ အဲ့လိုဟာတွေကို
ဂရုမစိုက်။သိသိချင်းကို
သူကဘဲ Sunooအတွက်ကိုစိတ်ပြန်ပူနေတာ။Sunghoonက သူ့ကိုသာဘာမှမဖြစ်ဘူး
ပြောနေတာ အခြေအနေကိုကြည့်ရသလောက်
အခုကိစ္စကို Sunghoonဖြေရှင်းနေရပြီမှန်း Sunooရိပ်မိသည်။ သူတို့နှစ်ယောက်ရဲ့
အိမ်ထောင်ရေးမှာ အခြေအမြစ်မရှိတဲ့
အတင်းအဖျင်းသတင်းတွေရေးခံရပြီး
ကောလာဟလတွေထွက်လာတာမျိုးတွေက
အဆန်းတော့မဟုတ်။ဒါပေမဲ့ အခုလို တခြားလူတစ်ယောက်နဲ့
သတင်းတတ်လာတာတော့ ဒါက ဒုတိယအကြိမ်
ဖြစ်သလို ဒီကိစ္စက ပြဿနာလဲကြီးသည်။
အရင်က သူနဲ့လက်ထက်ပြီးဘာမှ
သိပ်မကြာခင်ကို Sunghoonက စီနီယာ Jaeyunနဲ့
သတင်းရေး ခံခဲ့ရသေးပြီး အဲ့ဒီတုန်းကလဲ
သူတို့အိမ်တွေဘက်က
ပြဿနာ အတော်ရှင်းလိုက်ရသေးတာ။"ဒါပေမဲ့...."
သူစကားတောင် မပြောရသေးခင်ကို
စားပွဲပေါ်က Sunghoonဖုန်းကမြည်လာသည်။
ဖေဖေခေါ်နေတာမို့ Sunghoonက
သူ့ကိုတစ်ချက်ကြည့်ကာ ဖုန်းကိုင်လိုက်ပြီး
ခပ်လှမ်းလှမ်းမှာ သွားရပ်ပြောနေတယ်..။
သူထင်တာမမှားဘူးဆို
အခုကိစ္စနဲ့ဘဲ ခေါ်တာနေမှာ။

VOCÊ ESTÁ LENDO
Never Let You Go
FanficPark Sunghoon- Kim Sunoo This story is inspired by the host(2013).