5

3.4K 378 29
                                    


"အဲ့ဒီတော့ ပြောချင်တာက ကိုယ်တိုင်ကိုက
Nakyung လုပ်ငန်းစုတွေပိုင်တဲ့Park အိမ်ကပေါ့။
ဒီအတိုင်း Seattleက Nakyungလုပ်ငန်းခွဲမှာ
အလုပ်လုပ်နေတဲ့ Park Jayမဟုတ်ဘူးပေါ့..."

Jayကို မေးရင်း ပြောနေရင်းကနေ
Jungwonဒေါသတွေ ထွက်လာတယ်။
Jayက သူ့ကိုကြည့်ကာခေါင်းညိတ်ပြပြီး
သူစိတ်ဆိုးနေတာကို မြင်တော့
ဘာမှ ထပ်မပြောလာတော့ဘူး..။

Park Jayကတော့ တကယ်ပါဘဲ..။

တကယ်တော့လဲJayက သူ့ကို တမင်မပြောဘဲ
လိမ်ထားတာမျိုးတော့လဲ မဟုတ်ဘူး။
အစထဲက သူတို့နှစ်ယောက်လုံးက
ကိုယ့်အာရုံနဲ့ကိုယ်ဘဲ အေးအေးဆေးဆေး
နေကြရင်း တွဲဖြစ်လာကြတာ..။
နှစ်ယောက်လုံးကကို မိသားစုနောက်ခံ
နောက်ကြောင်းတွေ၊ဘာတွေကို စိတ်ဝင်စားတဲ့
လူစားမျိုးတွေ မဟုတ်ဘူး။

ဒါပေမဲ့ ဒီဟာကိုတော့ Jayပြောပြသင့်တယ်လို့
Juugwon ထင်သည်။

သူတို့တွဲလာတဲ့ နှစ်နှစ်ကျော်အတွင်းမှာ
အများအားဖြင့် Jungwonဘက်ကဘဲ
သူ့အကြောင်းတွေကို Jayကို
ပြောပြထားတာ များသည်။ အစထဲက
သူက မိဘမဲ့ဖြစ်တဲ့အပြင် မွေးစားအမေကပါ
ဆုံးသွားတာမို့ မိသားစုကိစ္စဘာညာတွေက
အထူးတလည် ပြောပြစရာကိုမရှိ။
Jayဘက်ကလဲ အထိုက်အလျောက်
သူ့ကို ပြောပြတာမျိုးရှိပေမယ့်
မိသားစုနဲ့ ပတ်သက်ပြီးတော့ကတော့
ထုတ်ပြောတာမျိုးတော့ မရှိခဲ့ဘူး..။

Jayမပြောချင်ဘူးထင်ပြီး Jungwonကလဲ
အထူးတလည် မမေးခဲ့ဘူး။ အခုကျမှ
Park Jayက သူ့မိဘတွေနဲ့
မိတ်ဆက်ပေးမယ်ဆိုပြီး သူ့မိသားစု
အကြောင်းကို သေချာပြောပြတာလာတာ...။
Jayကအမြဲ ပကာသနတွေမကြိုက်ဘဲ
ရိုးရိုးရှင်းရှင်းသာ နေတတ်သူမို့
တစ်လျှောက်လုံး Jayကိုသူက
သူ့လိုသာမာန်အိမ်က လူလိုဘဲထင်လာတာ..။

အခုကျမှ Park Jayက..။
သူက နာမည်ကြီး Parkအိမ်ကတဲ့။
တစ်ကမ္ဘာလုံးမှာ လုပ်ငန်းခွဲတွေအများကြီးရှိတဲ့
အကြီးဆုံး ကိုးရီးယားစားသောက်ကုန်လုပ်ငန်းစု
တွေရဲ့ပိုင်ရှင် Park အိမ်ကတဲ့လား...။

Jungwon တကယ်စိတ်ရှုပ်ရတယ်..။
Jayက အမြဲရိုးရိုးရှင်းရှင်းဆိုရင်တောင်
Chaebolမိသားစုတွေရဲ့အကြောင်းကို
သူသိသားဘဲ..။ အဲ့လိုမိသားစုထဲ
သူမပတ်သက်ချင်ဘူး..။
ပြီးတော့ သူ့လိုသာမာန်လူနဲ့
Jayနဲ့ပတ်သက်မှုကို Jayမိသားစုက
ဒီအတိုင်းလွတ်ထားပေးမယ်လို့ သူမယုံဘူး...။

Never Let You GoWhere stories live. Discover now