ဆွဲလက်စပန်းချီကားချပ်ရှေ့မှာ Sunooက
အသက်မရှိသလို ငူငူကြီးထိုင်နေတယ်..။
Sunooထိုင်နေတာ ကြာနေပြီဖြစ်သလို
ထိုင်နေတဲ့ Sunooကို Jungwon
ငေးကြည့်နေမိတာလဲ ကြာပြီ။ပတ်တီးဖြူဖြူတွေစည်းထားတဲ့ Sunooရဲ့
ညာလက်ကိုကြည့်ရင်း တကယ်လို့
ဖြစ်နိုင်မယ်ဆို သူ့ကိုယ်သူ တိုင်နဲ့ခေါင်းနဲ့သာ
Jungwonပြေးဆောင့်ချင်လိုက်တော့တယ်။သူ့ကြောင့် ဖြစ်ရတာ...။
သူမစဉ်းစားမဆင်ခြင်တွေလုပ်မိလို့
Sunooထိခိုက်သွားရတာ...။"တောင်းပန်ပါတယ်....
Sunoo...တကယ်တောင်းပန်ပါတယ်...."တောင်းပန်ပါတယ်တစ်ခုထဲကိုဘဲထပ်ခါတလဲလဲ
သူအကြာကြီးရေရွတ်နေမိသည်။
ဒါပေမဲ့ အခုအခြေနေအရ သူဘယ်လောက်
တောင်းပန် တောင်းပန် Sunooကတော့
မကြားနိုင်ဘူးထင်ပါရဲ့...။Jungwonသက်ပြင်းအရှည်ကြီးချလိုက်မိတယ်။
အကောင်းဖက်ကနေကြည့်ရင်တော့ အခုချိန်မှာ
သူတို့လေးယောက်ကြားက ကိစ္စတွေ
ရှင်းသွားသလို Sunooရော Sunghoonရောက
သူ့အခြေအနေကို သေချာသိသွားတာမို့
သူ့ကိုလိုက်ရှာတဲ့ ကိစ္စကပိုအကူအညီ
ရလာသည်။ ပြီးတော့ တော်တော်ကို
ခြေတံလက်တံရှည်ပြီး အဆက်အသွယ်များတဲ့
Kimအိမ်ပါ ပါလာတော့မှာမို့ ပိုမြန်ပြီး
ပိုလွယ်ကူလာမည်လို့ မျှော်လင့်ရသည်..။ဒါပေမဲ့ ပြဿနာက Park Sunghoon...။
ကာယကံရှင် Sunooကိုယ်တိုင်က
တောင်းပန်နေတာတောင် Sunooအနားမှာ
Jungwonရှိနေတာရော Sunooခန္ဓာကိုယ်ထဲ
ဝင်လာတာရောကို Sunghoonက
ခါးခါးသီးသီးနဲ့ ဘယ်လိုမှမကျေနပ်နိုင်။နောက်ဆုံး ကာယကံရှင်ကကြည်ဖြူနေတာရော
Jayက တောင်းပန်နေတာကြောင့်ရောသာ
ဘယ်လိုမှ မတတ်သာလို့ စိတ်လျော့လိုက်ရတဲ့
ပုံစံမျိုး။အဲ့ဒါတောင် Jungwonက Sunooအနားမှာ
အမြဲလိုက်ကပ်မနေတော့ပါဘူး..။
Jungwon က Sunooကိုယ်ထဲကို
ထပ်ဝင်လာမယ်ဆိုရင်တောင်
သူတို့နှစ်ယောက်လုံး Sunooကို
လုံး၀မထိပါဘူးလို့ Jayက
အထပ်ထပ်အခါခါ ကတိတွေပေးခဲ့ရတာ..။Jungwonအနေနဲ့ကတော့ Sunghoonကို
ပေးထားတဲ့ ကတိဆိုတာထက်
ကိုယ့်ဘာသာကို အပြစ်မကင်းတဲ့စိတ်ကသာ
ပိုအလေးသာခဲ့သည်။
KAMU SEDANG MEMBACA
Never Let You Go
Fiksi PenggemarPark Sunghoon- Kim Sunoo This story is inspired by the host(2013).