အခန်း ၁၇

1.2K 160 12
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွားလာခြင်း
ဘာသာပြန်စာရေးသူ - Violet M
အခန်း 17 မစ်ရှင်များ

ဒီလိုမျိုး အရာနဲ့  ကြုံတွေ့ပြီးနောက်မှာတော့
ဖီးနစ် နိဗ္ဗာန်အဖွဲ့ထဲက လူတွေ အားလုံးက
ဒီကိစ္စကို ဦးစွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်
လီမင်ဟန် က အကြောင်းအကျိုးနဲ့ပတ်သက်ပြီး
အစီရင်ခံပြီးတဲ့အခါ သူတို့ရဲ့ အခြေအနေတွေကို
ပြုပြင်ပြောင်းလဲပြီး သူတို့ တာဝန်တွေကို ပြန်စဖို့ ထွက်ခွာသွားကြရတော့သည်

လာမည့်ရက်အနည်းငယ်တွင် သူတို့သည် နေ့စဉ် တာဝန် အနည်းငယ်လုပ်ဆောင်ရန်အပြင်ထွက်ရဦးမည်ဖြစ်သည်။
တဖြည်းဖြည်းနဲ့ အခြေစိုက်စခန်း၏ ဘေးကင်းလုံခြုံသည့် နေရာသည် ယခင်ကထက်အဆများစွာကျယ်ပြန့်လာပြီး  အသက်ရှင်ကျန်ရစ်သူများနှင့် စွမ်းရည်နနိုးထရှင်သန်လာသူ ပိုများလာပါသည်။ .

ကမ္ဘာကြီး ကုန်ဆုံးပြီး တစ်လနီးပါးလောက်တွင်
သူတို့ မစ်ရှင်တစ်ခုကို ရရှိခဲ့သည် - စူပါမားကက်မှ ပစ္စည်းများကို စုဆောင်းရန်....

ခရိုင် ၃၀၁ သို့ သွားသည့် လမ်းပေါ်တွင် ကျွီချီ ပေးထားသည့်
စစ်တပ်ကဒ်ပြားနဲ့ မောင်းနှင်လာခဲ့သည်။
ရှေ့တန်းတွင်  ကားကိုမောင်းနှင်သော ယန်ရှန်း မှလွဲ၍
တွဲဖက်လေယာဉ်မှူး လီမင်ဟန် သည် ပတ်ဝန်းကျင်ကို
သတိထားပြီး ဆက်သွယ်ရေးစက်ကို အသုံးပြုခဲ့သည်။
ဝမ်ရီ ကလည်း သူနဲ့ ဆက်သွယ်ဖို့ လုပ်နေခြင်းဖြစ်သည်
သူတို့က ဘာအလုပ်ကို လုပ်နေတာလဲဆိုတာ ရှင်းပါသည်

"ငါ တို့ စူပါမားကတ်ကြီးတစ်ခုရှိတဲ့ ခရိုင် ၃၀၁ ကို သွားနေကြတာ ဖြစ်တယ်
ဒီတစ်ခါတော့ ငါတို့က  စူပါမားကတ်က ပစ္စည်းတွေ စုဆောင်းဖို့ပဲ
အဓိကကတော့  သောက်ရေနဲ့ အဓိက အစားအစာတွေအပြင်
မပျက်စီးနိုင်တဲ့ အစားအစာတွေရယ် ဟင်းခတ်အမွှေးအကြိုင်တွေကို
အဓိကထား ယူလာဖို့ပဲ "

" ဝမ်ရီ  ငါ ယူဆောင်သမျှ ကို မင်းနဲ့ အတူ ထားခဲ့မယ်
ယန်ရှန်းက ဝမ်ရီကို ကာကွယ်မယ်
လင်းစီယုနဲ့ ငါက အဓိက တိုက်ခိုက်မဲ့ သူတွေ ဖြစ်တယ်
ဖူချန်ချန်က တပ်မှူး အနေနဲ့ နေပြီးတော့
ယုယန်က လက်ထောက်အနေနဲ့ လုပ်ဆောင်ကြရမယ်
မင်းတို့ ရဲ့တာဝန်ကို မင်းတို့ အားလုံးသိကြတယ် မလား"

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now