အခန်း 57

495 58 0
                                    

ကမ္ဘာပျက်ကပ်
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၅၇ နှုတ်ဆက်ပွဲ

    မျက်လုံးထဲတွင် ရွှန်းလဲ့နေသော သွေးစက်တွေ

   တုဇီမင်းဟာ ဖြည်းညှင်းစွာနဲ့ လျှောက်လာရင်း စိတ်သက်သာရာ ရသွားပုံရသည့် သူ့ညီမငယ်‌ေလးကို
ကြည့်ကာ အတွေးတွေအားလုံး ဗလာဖြစ်နေ၏

   ခနလေး ထွက်ခွာသွားတဲ့အခါ နှုတ်ဆက်ပွဲ
ဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲ

   မိန်းကလေးငယ်လေးက ကောင်းကင်ပြာလို
အပြာရောင် စောင်ပေါ်တွင် အိပ်စက်လျက်
ပျောက်ကွယ်သွားသော သူမ၏ အသားအရေဟာ
အပြာနုရောင်နှင့် ဆန့်ကျင်ဘက်ပင်
တောက်ပနေ၏
ကုတင်‌ေပါ်မှာ သူမ၏လက်ကောက်ဝတ်များမှ
သွေးများဖြင့် မည်းမှောင်ကာ
အရောင်ဖျော့ဖျော့နဲ့ သခင်မ‌ေလး၏
လှုပ်ရှားစဉ်တွင် ပြတ်ပြတ်သားသား ခိုင်မြဲမှုကို
ပြသနေသလိုပင်
သူမ၏ ပန်းရောင်ဖျော့ဖျော့တီရှပ်ပေါ်သို့ ကြက်သွေးရောင် အနည်းငယ် ဖျန်းခနဲ ဖျန်းခနဲ
ထွက်နေ၏

    သူမ၏မျက်လုံးများကို တင်းတင်းစေ့
ထားသော်လည်း သူမ၏အမူအရာမှာ
တည်ငြိမ်နေပြီး အိပ်မက်ကောင်းကောင်း
မက်နေသကဲ့သို့ သူမ၏ပါးစပ်ထောင့်များဟာ
အနည်းငယ် ကြွလာသယောင်

   တုဇီယီ အတွက် သေခြင်းတရားဟာ
လွတ်မြောက်ခြင်း ဖြစ်၏

    "ဘာလို့လဲ..."

   တုဇီမင်း က သွေးအိုင်ထဲတွင် ဒူးထောက်ကာ ငိုကြွေးနေလေသည်။

    "ဘာလို့ လက်လျှော့လိုက်လဲကွာ..."

   ယီယီ လည်း ထွက်သွားပြီ

   တုဇီမင်း သည် အိပ်ယာခင်းများကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး
မျက်လုံးပြန်မဖွင့်နိုင်တော့သည့် သူ့ညီမ‌ေလးကို
စိုက်ကြည့်နေသည်။

   အခုတော့ သူတစ်ယောက်တည်း ကျန်ခဲ့ပြီ

    “ဘာဖြစ်လို့လဲကွာ…”

    လုံးဝကို သူတစ်ယောက်တည်း ကျန်နေခဲ့သည်

ဖူချန်ချန်သည် သူ့အနောက်တွင် ရပ်ကာ
အနည်းငယ် အလူးအလဲ လှမ်းကြည့်လိုက်ရာ
စားပွဲပေါ်မှ အဝါနုရောင် စာလုံး‌ေလးကိုမြင်လိုက်ရစ
သူမ၏ မျက်လုံးအိမ်‌ေတွထဲမှာ မျက်ရည်များ
စီးကျလာ၏

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Nơi câu chuyện tồn tại. Hãy khám phá bây giờ