Unicode
ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွား .....
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၁၉ အဆင့် ၂ ဇွန်ဘီများ"မြေစွမ်းအင် အမျိုးအစား စွမ်းရည် သုံးတဲ့ သူတွေကရော ဘယ်လိုမျိုးလဲ ??
စွမ်းရည်တွေ မကုန်သေးသရွေ့ မြေအမျိုးအစား စွမ်းရည်ရှိတဲ့ သူတွေက
ငါ့ဘက်မှာ ရပ်နေကြ !"ဒါကတော့ ချောင်ရှစ်ချီ မှ အမိန့်ပေးနေတဲ့အသံဖြစ်ပါတယ်
လီမင်ဟန်၏ မျက်နှာသည် ပြောင်းလဲသွားကာ
ဖီးနစ်နိဗ္ဗာန်အဖွဲ့ နှင့်အတူ တံခါးဆီသို့ အလျင်အမြန် ပြေးသွားတော့
တံခါးဝတွင် ရုန်းကန်နေရသော လူတစ်ဒါဇင်မျှသာ ကျန်တော့တာကို တွေ့လိုက်ရ၏ချောင်ရှစ်ရှီ သည် သူ့လက်ထဲတွင် အထူးစစ်တပ်တုတ်တစ်ချောင်းကို
အဆက်မပြတ်ဝှေ့ယမ်းကာ ရှေ့တန်းမှာ နေတယ်
သူ၏နိုးကြားလာရသည့်စွမ်းရည်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်ပြီး
သူက အလွန်ပဲ သန်မာတယ်
တုတ်တစ်ချောင်းနဲ့ ဇွန်ဘီတွေကို ချေမှုန်းနိုင်ကြောင်း အာမခံလို့ရပါတယ်ဒါပေမဲ့လည်း ဇွန်ဘီတွေရဲ့ ပိုမို များပြားလာတဲ့ အရေအတွက်ကြောင့်
လူတွေကို စိတ်ပျက်အားငယ်သွားစေတယ် ...ဖူချန်ချန် သည် တိတ်တဆိတ် လက်သီးဆုပ်လိုက်သည်
ဒီနေရာကို လူတစ်ခု ရောက်လာခဲ့တာကြောင့် ဇွန်ဘီတွေ အများကြီး ရှိနေတာ ဖြစ်နိုင်တယ်
ဒါကြောင့် ခုခံတိုက်ခိုက်နေတဲ့ လူက ဒီဇွန်ဘီအုပ်ထဲမှာ အဖမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်...ဒါပေမယ့် ဇွန်ဘီတွေအများကြီး ရှိနေတာတော့ မဖြစ်သင့်ဘူးလေ !
ပထမအဆင့်ဇွန်ဘီတွေက တွေးခေါ်နိုင်စွမ်းမရှိသည့်အပြင် သက်ရှိလူများကို
ရှာဖွေဖို့က အသံတစ်ခုတည်းကိုပဲ အားကိုးနေရတာ ကြောင့်
တစ်နေရာတည်းတွင်သာ ဆက်တိုက် အသံထွက်မနေပါက လူတွေကို
ဝန်းရံရန် ခက်ခဲလှတယ်
ဒါက လူတိုင်းသိတဲ့အရာတစ်ခုပဲလေ
အတွေ့အကြုံရှိတဲ့ တပ်မှူးတစ်ယောက်ဖြစ်တဲ့ ချောင်ရှစ်ချီ အနနဲ့ ဒီလိုအမှားမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး
YOU ARE READING
ကမ္ဘာပျက်ကပ် ( Rebirth ; System 233 )
FantasyTitle - "末世重生:系统叫我去拯救世界" Author- ချန်းလီဇီ Start Date - 30-3-2022 ✍🏻 End Date- ဒါက ပထမဆုံး ဘာသာပြန်တဲ့အပုဒ်မလို့ Chinese ကနေ အဂ်လိပ်ကို gg tranနဲ့ ဖတ်ထားပြီး အဆင်ပြေသလိုပြန်ထားရပါတယ်ရှင့် All credits to original author and English translators �...