အခန်း ၆၂ မင်းပဲ

887 57 7
                                    

Zawgyi

Rebirth in the last day
အခန်း 62 မင်းပဲ
Translator - Violet M

    တုဇီမင်းသည် ထိုအခေါ်အဝေါ်ကိုကြားသောအခါတွင် မျက်နှာကို ထိုးသတ်လိုသောဆန္ဒ ‌ကြောင့် လက်သီးများကို ဆုပ်ထားသည်။
ဒါပေမယ့် သူမစခင်မှာပဲ လင်းစီယုကတော့ မထိန်းချုပ်နိုင်တော့ချေ

    လင်းစီယုသည် ရှေ့သို့ ပြေးသွားပြီး
ဝေ့ဝမ်ရှောင်၏ မျက်နှာကို ပြင်းပြင်းထန်ထန်
ထိုးလိုက်သည် ။

    ဤတစ်ကြိမ်တွင် ဝေ့ဝမ်ရှောင်သည်
အံ့အားသင့်သွားကာ မေ့ကြည့်လိုက်တော့
မျက်နှာပေါ်တွင် ရောင်ရမ်းသွားလေ၏

    "မင်းငါ့ကိုရိုက်ရဲတယ်‌ပေါ့‌လေ မယုံချင်နေ ငါက တုဇီယီကိုသတ်လိုက်တာ"

   ဝေ့ဝမ်ရှောင် ရဲ့စကားကိုကြားတော့
တုဇီမင်း ရဲ့ မျက်လုံးတွေ နီရဲလာတယ်
လူတိုင်း ဒေါသထွက်ခဲ့ကြသည်!

    "မင်းပဲလေ!"

    လင်းစီယု ၏လက်ချက်သည်
ကောင်းမွန်စွာစတင်ခဲ့ပြီး လူတိုင်းက
စတင်ရိုက်ဖို့မစောင့်နိုင်တော့ပေ
အထူးသဖြင့် လင်းစီယု ထက်ပင် အပြင်းအထန်ထိုးနေတဲ့သူကတော့ ယုယန် ပင်ဖြစ်သည်။

   ဝေ့ဝမ်ရှောင် ဟာ သူ့ဘဝတစ်ဝက်စာသည် ကောင်းချီးတစ်ခုဖြစ်ခဲ့တာ‌ကြောင့်
တစ်စုံတစ်ယောက်က သူ့ကိုရိုက်ရဲလိမ့်မယ်လို့
မမျှော်လင့်ထားခဲ့‌ချေ
သူရုတ်တရက် လူအုပ်ရဲ့ရိုက်နှက်ခြင်းကို
ခံခဲ့ရပြီး ဘာလုပ်ရမှန်းမသိတဲ့အတွက်
သူ အရိုက်နှက်ခံရဖို့သာ တတ်နိုင်တော့၏

    သူယူလာပေးသော အကူနှစ်ဦးသည်
ဤမြင်ကွင်းကိုမြင်ပြီး ထိုနေရာမှာပဲ
ရပ်နေကာ မှင်တက်သွားကာ ထိတ်လန့်စွာကြည့်
နေလေသည်။ ဤသားငယ် ဝေ့ဝမ်ရှောင်ကို
အမှန်တကယ် အနိုင်ယူရဲသည့် တစ်စုံတစ်ယောက်ကို သူတို့ မတွေ့ဖူးကြပေ။

   ယန်ရှန်း နှင့် လီမင်ဟန် တို့သည် ၎င်းတို့အား
စိုက်ကြည့်နေကြပြီး ၎င်းတို့၏ စွမ်းရည်များ
အချိန်မရွေး အသက်ဝင်လာလေ၏

    ဝေ့ဝမ်ရှောင်သည် သူဟာ သဘာဝလွန်
စွမ်းအားရှိသူဖြစ်ကြောင်း မသိခင်မှာပဲ
အကြိမ်များစွာ ရိုက်နှက်ခံခဲ့ရသည်။
သူ့စွမ်းရည်ကို ထုတ်ပြတော့မယ့်အချိန်မှာ
ဖူချန်ချန် ကြိုပြီး ခံစားလိုက်ရတဲ့အတွက်
အရမ်းပျော်သွားပြီး သူဘာလုပ်တော့မယ်ဆိုတာ
သတိရသွားတယ်

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Donde viven las historias. Descúbrelo ahora