အခန်း ၂၂ပြစ်ဒဏ်

1K 135 2
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွား
ဘာသာပြန်စာရေးသူ - Violet M
အခန်း 22 ပြစ်ဒဏ်
ဖူချန်ချန် မူးလဲသွားတာကိုမြင်တော့ Nirvana မှာရှိတဲ့လူတွေအားလုံးက
သူမနာမည်ကို တညီတညွတ်တည်းခေါ်လိုက်တာကြောင့် လူတချို့ကို နိုးသွားစေခဲ့တယ်

အနှောက်အယှက်ဖြစ်နေပြီဖြစ်တဲ့သူတွေအတွက် ပိုလို့တောင် စိတ်မသက်မသာဖြစ်မိတဲ့အပြင်
နိဗ္ဗာန် မှာ ရိက္ခာရှာဖို့ ကောင်းတဲ့အလုပ်လည်း ရှိပြီး တစ်ခုတည်းသော အသင်းသား
ဒါမှမဟုတ် စွမ်းရည် သုံးစွဲသူ အပြည့်ရှိတဲ့ အဖွဲ့ဖြစ်တာကြောင့်
ပိုလို့တောင် မုန်းစရာကောင်းပါတယ်။
ဒေါသကြီးတဲ့ အမျိုးသားတစ်ဦးက
"မင်းတို့တွေက လူတွေကို အနားယူခွင့်ပေးသေးလား" လို့ ပြောလိုက်တယ်

လင်းစီယု က သူ့စိတ်ထဲက စိုးရိမ်မှုတွေကို  ထိန်းချုပ်ထားပြီး
"ငါတို အသင်းဖော်က နည်းနည်း နေမကောင်းဖြစ်နေလို့ပါ
မင်းကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် "

အခြားသူတစ်ဦးက ဆိုးဝါးစွာဖြင့်
"နေမကောင်းဘူးလား။ ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံရတာ မဟုတ်ဘူးလား။"

ဒီစကားထွက်လာတာနဲ့အမျှ ဂရုမစိုက်ချင်တဲ့သူတွေ တော်တော်များများက
မထိုင်နိုင်ကြတော့ဘဲ နိဗ္ဗာန်အဖွဲ့ကို လှမ်းကြည့်ကြတယ်။

ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူတွေက အဖော်နဲ့ နေခွင့်မရှိပေ
ဒါက ပြည်သူတွေရဲ့ သဘောဆန္ဒပါပဲ

လင်းစီယု ၏မျက်နှာတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာပြီး
သူစကားပြောခါနီးတွင် ယုယန်က ရပ်တန့်လိုက်သည်
သူမက  မတ်တပ်ထရပ်ကာ ရည်ရွယ်ချက်ဆိုးရှိနေသည့် လူကိုကြည့်ကာ
အေးစက်စွာ အော်ဟစ်လိုက်ပြီး
"Tsk၊ ငါကတော့ နင်က ဇွန်ဘီနဲ့တောင် ပိုသေးတယ် နင့်ကိုယ့်နင်ရော မထင်မိဘူးလား
နင်ကလေ အရူး ( အမှိုက် ) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ဖြစ်နိုင်တယ်။"

ယုယန် က 'အမှိုက်' ဟူသော စကားလုံးကို တမင်ပေါ်လွင်သော လေသံဖြင့် ထည့်ပြောလိုက်တယ်

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now