အခန်း ၃၈ စစ်ပြေးလား ?

693 84 0
                                    

Unicode

ကမ္ဘာပျင်ကပ်မတိုင်ပြန်လည်မွေးဖွားလာခြင်း
ဘာသာပြန်သူ Violet M
အခန်း ၃၈ စစ်ပြေးလား ?.

    " ပုံမှန်အတိုင်းဆို ငါအပြင်ထွက်ရင်
အသက်ကိုစွန့်လွှတ်ရတော့မလိုပဲ ..."
လီမင်ဟန် က အေးစက်စွာပြောလိုက်၏

    "စစ်သူကြီး ချောင် က အရမ်းအစွမ်းထက်တာပဲ တစ်ယောက်တည်း လမ်းလျှောက်ရင်‌ေတာင်
အရမ်းအန္တရာယ်များပေမယ့်
ဇွန်ဘီတွေ တွေ့နိုင်ခြေကိုလည်း လျှော့ချပေးသေးတာ"

    လီမင်ဟန်၏ မျက်ဝန်းတွေက အေးစက်နေပြီး
ပြန်လည် ချေပမည့် ချန်းယု ဟာ နောက်သို့
ခြေတစ်လှမ်းဆုတ်ကာ ထပ်မပြောဝံ့တော့ပေ

    "သူ့ရဲ့ ခရီးစဉ်က သေလုနီးပါးပါပဲ
ငါတို့လုပ်နိုင်တာက ဇွန်ဘီတွေရဲ့ ဝိုင်းရံမှုကနေ
ရုန်းထွက်နိုင်‌ေအာင်အစွမ်းကုန် ကြိုးစားနေတာပဲ
ကျန်တာတော့ စစ်တပ်နဲ့ ထားလိုက် "

    "စစ်တပ်" ဟူသော စကားလုံးကို
လူတိုင်းကြားပြီးနောက်
စိတ်သက်သာရာရသွားကာ
မူလဇစ်မြစ်ကို မလိုက်ဖို့နေနေသာသာ
စုံစမ်းဖို့တောင် အတွေးမရှိတော့ချေ

    "မင်း.."လီမင်ဟန် က အကြောင်းအရာပြောင်းလိုက်ပြီး " ချန်းယု မင်း ငါတို့ကိုပြန်‌ေပြာရဲတယ် ၊
မင်းတစ်ယောက်တည်း ဒုတိယထပ်ကနေ
ဘာရလာတာလဲ"

   ချန်းယု က ဒီမေးခွန်းကြောင့် စိတ်ရှုပ်သွားပြီး
"ငါ ငါ..ဗိုက် ဆာ  နေပြီ..." ချန်းယုဘေးမှာ
ရပ်နေသော အယ်ဗန်က
"ငါတို့ နေ့လည်စာစားထားတာ သိပ်မကြာသေးဘူး..."

    ချန်းယုဟာ  ထိုအသံကို မုန်းတီးပြီး
အယ်ဗန်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း
သူ့သူငယ်ချင်းက သိပ်သဲသဲကွဲကွဲ
မမျှော်လင့်ဘဲ ပြန်ပြော၏

    သူ သူ၏ အတွေးအခေါ်ကို ပြောတော့မည်
ဖြစ်သော်လည်း အကြောင်းပြချက်မရှိဘဲ
သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး
သူပြောချင်‌ေနတာကို မျိုချပစ်လိုက်၏

   ချန်းယု လျင်မြန်စွာ ငြိမ်သက်သွားပြီး
ဂုဏ်ယူစွာဖြင့် နှုတ်ခမ်းထောင့်များကို
ကွေးကာ အေးအေးဆေးဆေး ပြောလိုက် တယ်
" ဟုတ်ကဲ့ ဒါဆို ကျွန်တော် ရိက္ခာတွေယူ
သွားမယ်နော် " လို့ တခြားသူတွေကို ပြန်လည်ချေပမည်ကို မစောင့်တော့ဘဲ သူက ခပ်မြန်မြန်ပြောပြီး
ခိုင်မာစွာပြောခဲ့တယ်
" ငါ ထွက်သွားချင်တယ်
ငါတို့က စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူး
စူပါမားကတ်ထဲက ပစ္စည်းတွေကို
မင်းလည်းမပိုင်ဘူး ပြဿနာက ဘာလဲ?!"

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now