အခန်း ၁၁

1.5K 179 4
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွားလာခြင်း
ဘာသာပြန်စာရေးသူ - Violet M

အခန်း ၁၁ မင်း ဆန္ဒရှိလား??

လီမင်ဟန်က သူ့လက်ကို ရုတ်သိမ်းလိုက်ရင်း ဘာဖြစ်ပျက်ခဲ့တာလဲဆိုတာကို
သူမ သဘောပေါက်သွားသည်
သူမ၏ မျက်နှာကိုမှင်သက်စွာ  ထိလိုက်သည်နှင့် ခေါင်းထိပ်မှ အပူဒဏ်ကို
တိုက်ရိုက် ခံစားလိုက်ရသောကြောင့် မူးဝေသွားသလို ဖြစ်သွား၏

    လီမင်ဟန် သည် ခပ်ရေးရေးလေး ပြုံးပြီး ပြန်လှည့်ကာ အခန်းထဲသို ဝင်သွားသည်
ဖူချန်ချန် သည် အဘယ်ကြောင့် သူ ထိုကဲ့သို ရှက်ဖွယ် တုံပြန်မှုမျိုး ဖြစ်သည်ကို မသိဘဲ သူ့နောက်မှ လိုက်လာခဲ့သည်။
( ကိုယ်တွေ ဇာတ်လိုက်ကြီးက ရှက်နေတယ် တို့ မမ ချန်ချန်က ရှက်ရမှာကို )
    အခန်းထဲဝင်လာတော့  ဖူချန်ချန်သည်  လူသိပ်မရှိဘူးဆိုတာကို တွေ့လိုက်ရသည်
ပတ်ပတ်လည်ကိုကြည့်လိုက်တော့ မထင်မှတ်လောက်အောင်နည်းပါးသည့် အရေအတွက်လို့တောင်  ပြောလို့ရသည့် လူလေးယောက်သာ ရှိသည်
သိုသော်လည်း မစ်ရှင်မှ ပြန်မလာသေးသော သူများလည်း ရှိကောင်းရှိနိုင်ပါသည်

    လီမင်ဟန်က မိတ်ဆက်ပေးလိုက်သည်
"သူတိုအားလုံးက ငါ့ရဲ့ အဖွဲ့ဝင်တွေ မင်း ယန်ရှန်းနဲ့ လင်းစီယု ကိုတော့ သိပါတယ် "
နှစ်ယောက်က သူမကို နှုတ်ဆက်လိုက်သည်
'' ကျန်တဲ့သူတွေက  ယုယန် နဲ့ ဝမ်ရီ ''
ဒါပဲလား ?? ဖူချန်ချန် အနည်းငယ် အံ့သြသွားသည်
တပ်မဟာကိုးတွင် လူတွေအများကြီးရှိသင့်တာ မဟုတ်ဖူးလား

    ဖူချန်ချန်သည် ကျန်နှစ်ယောက်ကို ကြည့်လိုက်သည်
ယုယန်သည် အလွန်လှပသော မိန်းကလေးဖြစ်သည်
သူမ၏ကိုယ်ပေါ်တွင် မြင်းမြီးတစ်စင်းနှင့် စစ်ဝတ်စုံဝတ်ထားသည်
သူမက ထူးခြားပြီးဒေါသကြီးသည်။ ယုယန်ဟာ ဖူချန်ချန် ကို သိပ်ကြိုက်ပုံမပေါ်တာကြောင့်
ဖူချန်ချန်က သူမကို နှုတ်ဆက်တဲ့အခါမှာတော့ ယုယန်က သိပ်ကြင်နာသည့် ပုံမပေါ်ပဲ
အေးတိအေးစက်ဖြင့်သာ နှုတ်ဆက်လိုက်၏

ဖူချန်ချန်က ယုယန်ကို ဘယ်နေရာမှာ  စော်ကားခဲ့မှန်း မသိပေ
သူမသည် မျက်တောင်ခတ်လိုက်ပြီး ရှက်ရွံစွာ နှုတ်ဆက်တဲ့လက်ကို ချလိုက်ပြီး ခေါင်းကို လှည့်ပြီး  လက်ကို ဆန့်တန်းကာ ပျင်းရိနေသော မျက်မှန်တပ်ထားတဲ့ တခြားလူကို
"မင်းက ရီဆိုတဲ့ တစ်ယောက်လား မင်္ဂလာပါ၊ ငါ့နာမည်က ဖူချန်ချန်ပါ၊ ငါက အဖွဲ၀င်အသစ်တစ်ယောက်ပါ။"

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Donde viven las historias. Descúbrelo ahora