အခန်း ၆၃ ကတိသစ္စာ

328 27 9
                                    

အခန်း 64: ကတိသစ္စာ

လင်းစီယုက “ ဒါမဲ့  ငါတို့ ပြန်သွားဖို့ ရွေးချယ်ရင် အန္တရာယ် ရှိနိုင်တယ်။
ဒီလိုမျိုး ပျောက်သွားတာက  သံသယတွေကို ရှင်းနိုင်မှာ မဟုတ်ဘူး။"

“ အခြေအနေရောက်နေပြီကို  သံသယတွေကို ဂရုစိုက်‌ေနသေးလတာား"

အားလုံးက တညီတညွတ်တည်း ရယ်ကြသည်။

တုဇီမင်းက အနည်းငယ် ရှက်သွားဟန်ဖြင့် "တောင်းပန်ပါတယ်
အားလုံး က ငါ့ကြောင့်နဲ့ "

"ဟယ်!"  လင်းစီယုက သူ့လက်ကို ဝှေ့ယမ်းပြီး "မင်းအဲ့လိုပြောရင် ငါ စိတ်ပျက်မိမယ်။ ဒီအချိန်မှာ မင်းဘာလို့ ဒီစကားအရမ်းပြောနေတာလဲ"

ဖူချန်ချန် က "ငါတို့ နှစ်ယောက်လုံး အမှိုက်တွေကို ရှင်းလင်းခဲ့တာဆိုတော့
ငါတို့က သူငယ်ချင်းဖြစ်ပြီလို့ ထင်ခဲ့တာကို "

ဒီဟာသဟာ လူတိုင်းကို ရယ်မောစေခဲ့ပါတယ်။

တုဇီမင်း က ပြုံးပြီး "အားလုံးကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိ‌ေတာ့ဘူး"

"ဒါဆို မင်းကတိပေးရမယ် !" ဝမ်ယိက ရုတ်တရက်ပြောလိုက်တော့
သူ့မျက်နှာအပေါ် စိတ်ဝင်စားမှု ပိုပြင်းထန်လာသည်။

"ငါ့ကို မင်းခန္ဓာကိုယ်နဲ့ ကတိပေးပါလား ဟားဟား
မင်း ခန္ဓာကိုယ်နဲ့ ကတိပေးသင့်တယ်ထင်တယ်  ဟာဟား" လင်းစီယုက ပြင်းပြင်းထန်ထန် ရယ်မောနေတယ်

တုဇီမင်း လည်း ပြုံးကာ ပြန်ဖြေခါနီးတွင် လီမင်းဟန် က သူ့လက်ကို ဆန့်တန်းကာ
"ငါက အဖွဲ့ရဲ့ ခေါင်းဆောင်မလို့ ၊ မင်းငါ့ကို ကတိသစ္စာပြုဖို့ ကြိုဆိုပါတယ်"
လေးလေးနက်နက် ပြောလိုက်ပါတယ်

ဖူချန်းချန်းနဲ့တခြားသူတွေ မပြောနဲ့ ရန်ရှန်းတောင်မှ  ရယ်တယ်။

လီမင်းဟန်က ရယ်စရာကောင်းသော စကားများကို လေးနက်သော ပုံစံဖြင့် ပြောနိုင်သော တစ်ဦးတည်းသော သူဖြစ်သည်။

တုဇီမင်း က ပြုံးပြီး "ကောင်းပြီ" တဲ့။

မျက်လုံး‌ေတွက‌ေတာ့ အနည်းငယ်နီနေသည်။

ဒီလို အသင်းဖော်ကောင်းတစ်ယောက်ရှိလို့ သူ့အတွက် အရမ်းကံကောင်းပါတယ်။

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Tempat cerita menjadi hidup. Temukan sekarang