အခန်း ၆၃

205 13 3
                                    

Apo63

တုဇီမင်ဟာတဖြည်းဖြည်းတည်ငြိမ်သွားတယ် ၊၊
သူ့လည်ပင်းမှာ ချိတ်ဆွဲထားသည့် သတ္ထုပုလင်းကို ထိလိုက်ပြီး ဝေ့ဝမ်ရှောင်အား တိုက်ခိုက်တာကို ရပ်လိုက်၏၊၊
ဝေ့ဝမ်ရှောင်ဟာ ကြောက်ရွံနေသော အမူအရာနှင့် မြေပြင်ပေါ် ထိုင်ချလိုက်တယ်၊၊ သူ့စိတ်ထဲမှာတော့ ပြန်လာရင် Nirvanaအဖွဲ့ဆီတွန်းပို့ဖို့ကြံစည်နေ၏၊၊ အထူးသဖြင့် လီမင်းဟန် သူလုပ်တာပဲဖြစ်ရမယ် ၊၊ ပြီးတော့
တုဇီမင်း၊ သူ့ညီမနဲ့ ကစားရုံလောက်ပဲကို ငါ့ကို ရိုက်ဖို့လောက်ထိလုပ်ရဲတယ်!!!
ဝေ့ဝမ်ရှောင်ရဲ့ အမူအရာကိုမြင်ရတော့ ယုယန်က အေးတိအေးစက်နဲ့
" ဒီကောင် အချိုးကမပြောင်းသေးဖူး မြန်မြန်လုပ်ရင်လဲလုပ် ၊ အဲ့ကောင်မျက်နှာမြင်တောင်မြင်ချင်တော့ဖူး "
ဒီစကားကြားလိုက်တော့ ဝေ့ဝမ်ရှောင် နည်းနည်းလန့်သွားတယ် ၊း
ထရပ်ပြီး " ငါ့ကို သတ်ရဲတယ်ပေါ့ ၊ ငါ့အဖေက မင်းကိုခွင့်မပြုဖူး!!!"
လင်းစီယု " မင်းကို ရိုက်လိုက်ရင် မင်းအဖေက ငါတို့ကိုခွင့်မလွှတ်ဖူးပေါ့ ၊လူ့အမှိုက်ကများ မင်းအဖေမရှိရင် မင်းလုပ်နိုင်သေးလား ကြည့်ကြတာပေါ့  "
" မလုပ်နဲ့  " ဝေ့ဝမ်ရှောင်က အော်ဟစ်ကာငိုကြွေးနေတယ်၊၊
" လီမင်းဟန် ငါခွင့်မပြုဖူး ၊ ငါ့ကို ရိုက်ရဲတယ် ၊ မင်းတော်'ခေါင်းမာတာပဲ
ဒါမဲ့ ငါပြန်သွားရင်တော့ Z မြို့တော်မှာ ငါနောက်ဆုံးနေရတာပဲဆိုတာကို မင်းသိလာလိမ့်မယ် !! ငါမင်းကို ခွင့်မလွှတ်ဖူး!!"
အမူအရာကင်းမဲ့စွာ စုပြုံပြီးကြည့်နေကြတာက လူသေတွေလိုပဲ
ဒူးချောင်လာသလိုဖြစ်လာပြီး " သွားခွင့်ပြုပါ သွားခွင့်ပြုပါ
ရိက္ခာတွေပေးပါမယ် တုဇီမင်း မင်းညီမကိုမချစ်ဖူးလား ငါ သူ့ကို လက်ထပ်ပါ့မယ် လက်ထပ်ပါ့မယ်ကွာ လက်ထပ်... "
ဝေ့ဝမ်ရှောင်စကားမဆုံးခင်မှာပဲ လီမင်းဟန်ဟာ ဝေ့ဝမ်ရှောင်ရဲ့လည်ပင်းကို ရေခဲမြှားဖြင့်ပစ်လွှတ်လိုက်၏ ၊၊
Nirvana က လူတွေဟာ သူတို့အင်အားကို တိတ်တဆိတ်ပြန်ရုတ်သိမ်းလိုက်ကြတယ် ၊၊ အခုပဲ လုပ်ကြတော့မလို့ကို လီမင်းဟန်က ခြေတစ်လှမ်းစောသွားတာပဲ
" တောင်းပန်ပါတယ် ၊ ငါသူ့ကို ပစ်ရုံပဲပစ်ချင်တာ ၊ သူက ဒီလောက်အားနားပြီး ချက်ချင်းသေသွားမယ်မထင်ဖူး " တုဇီမင်းအားတောင်းပန်လေ၏၊၊
လင်းစီယု မရယ်ဖို့ ထိန်းချုပ်ထားရတယ် ၊၊ အကိုဟန်စကားက အရမ်းနာကျင်ရတာပဲဟ
တုဇီမင်းက ခေါင်းခါရင်း " ကိစ္စမရှိပါဖူးဗျာ "
ဝေ့ဝမ်ရှောင်ကို ရီရီအတွက် ရိုက်ပေးချင်ရုံပါပဲ
ဒါမဲ့ မသိခဲ့ဖူး...
ဘူးလေးကိုထိရင်း ရီရီအားမြင်တွေ့ရသလိုတွေးတောလိုက်တယ်
အစီအစဉ်အရ ဖူချန်ချန်ဟာ လူသေသုံးလောင်းအားမီးလောင်ကျွမ်းစေ၏၊၊လီမင်းဟန်က သူတို့ကို ရှင်းလိုက်တယ် ၊၊ အဲ့နောက် တုဇီမင်းက သူ့စွမ်းအားကိုအသုံးပြု၍ အရာအားလုံးကို လောင်ကျွမ်းစေလိုက်၏၊၊
ဘာမှမဖြစ်ခဲ့သလို အရာအာလုံး ပုံမှန်ဖြစ်သွားတယ်
ဖူချန်ချန်မရယ်ပဲမနေနိုင်တော့
သူတို့က လှုပ်ရှားမှုတိုင်းမှာ တော်ကြတယ် ၊၊ ဒါမဲ့ လူသတ်မှုကို ကျူးလွန်ခဲ့ကြတာကြောင့် တစ်ခါတည်းအသတ်ခံလိုက်ရတယ် ၊၊
နားမလည်နိုင်တဲ့ ကိစ္စရပ်တစ်ခုလို့ဆိုရမှာပဲ
ဒီအခင်းဖြစ်တဲ့နေရာကို သေချာရှင်းလင်းပြီး သူတို့ရဲ့ တည်နေရာသို့ပြန်ဆုတ်လိုက်တယ် ၊၊
ပြန်ရောက်တော့ သူတို့ပထမဆုံးလုပ်ဆောင်တာက
ပြတင်းပေါက်တွေ တံခါးတွေကို လုံအောင်ပိတ်ပြီး ဠာနချုပ်အဖြစ်ယာယီအသုံးပြုလိုက်၏၊၊
" ငါတို့အခုဘာလုပ်ကြမလဲ " လင်းစီယု
အောင်မြင်မှုပြီးတည်းက Nirvana နဲ့ပတ်သက်ပြီး မဆွေးနွေးကြရသေး
လီမင်းဟန် " ငါတို့ရန်သူတွေကို သေချာရှင်းလိုက်ပေမယ့် သက်သေအထောက်အထား မတွေ့ဘူးဆိုရင်တောင်မှ ငါတို့လုပ်လိုက်တာသိကြလိမ့်မယ် ဒီတော့ တုဇီမင်းနဲ့ငါ လှုပ်ရှားမယ် "
တစ်ယောက်က ရန်ငြိုးထားပြီး နောက်တစ်ခုကတော့ သွေးထိုးလှုံ့ဆော်ရလိမ့်မယ်

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now