အခန်း ၄၉ ကျေးဇူးပဲ

517 76 0
                                    

Unicode

Apocalypse System
Translator - Violet M
အခန်း 49 ကျေးဇူးပဲ

ဒါကိုကြားလိုက်တော့ လီမင်ဟန်ရဲ့ စိတ်တွေ
လှုပ်ရှားသွားတယ်

သဘာဝလွန်စွမ်းအား၏ ထိုးဖောက်
ဝင်ရောက်ချိန်မှာ ထိုစွမ်းအားက ဇွန်ဘီဗိုင်းရပ်စ်ကို
အမှန်တကယ် သန့်စင်ပေးနိုင်တယ်တဲ့

သူတို့ဒီ အကြောင်းကိုတောင် မသိခဲ့ဘူး!!

တုဇီမင်း ပြောပြီးတဲ့အခါ မတ်တတ်ထရပ်ပြီး
"အားလံုးကို ကျေးဇူးတင်ပါတယ် " လို့
Nirvana အဖွဲ့ကို ဦးညွှတ်ပြီး တည့်တည့်မတ်မတ်
ကြည့်လိုက်တော့ နှုတ်ခမ်းတွေက တစ်ခုခု
ပြောချင်သလို လှုပ်သွားပေမယ့်
နောက်ဆုံးမှာတော့ သူ ဘာမှပြန်မပြောဘဲ
သူထွက်သွားပါတော့တယ်

ပထမတော့ တုဇီမင်း က အ‌ဆင့် ၂ ဇွန်ဘီ
သလင်းကျောက် အကြောင်း သူတို့ကို
စောစောစီးစီး ပြင်ဆင်နိုင်စေဖို့အတွက်
သလင်းကျောက်အကြောင်း သတင်းကို
ပြောပြချင်ရုံပါပဲ

သူတို့ရဲ့အကူအညီ အတွက်​သူတို့ကို
​ကျေးဇူးတင်ရံုပါပဲ
ယီယီ နဲ့သူ့တို့ရဲ့စိုးရိမ်​မှုတွေအတွက်​​
ကျေးဇူးတင်တယ်​
သူ့ကိုသူငယ်​ချင်းအဖြစ်​သတ်​မှတ်​​ပေးတဲ့
အတွက်​​လည်း ကျေးဇူးတင်​တယ်​။

သူ့မိဘ​တွေအ​စောကြီးဆုံးပါးသွားတဲ့အတွက်​
သူ့ညီမငယ်​ကိုပြုစု​စောင့်​​ရှောက်​​ပေးရတဲ့အလုပ်​​တွေ
ရှုပ် ​​ထွေး​နေတတ်​တယ်​၊ မိတ်ဆွေဖွဲ့ဖို့ဆိုတာ ဝေးသေး
သူက အပြင်လူများကို အစောင့်အကြပ် မထားတတ်ပေ

ထို့ကြောင့် သူ့တွင် သူငယ်ချင်း လုံးဝမရှိပေ။သွက်လက်ပြီး အပြင်ထွက်နေသော ယီယီတောင်
သူ့အပေါ် တဖြည်းဖြည်း သိမ်ငယ်လာခဲ့၏

အဆင့်ရှိတဲ့ ဇွန်ဘီ တွေ ဒီမစ်ရှင်မှာ သေသွားနိုင်တယ်လို့
သူတကယ်ထင်ခဲ့တာ
ပြေလည်သွားပါပြီ

ကံကောင်းထောက်မစွာပဲနဲ့ Nirvana အဖွဲ့ထဲက
လူတိုင်းရှိကြပါတယ်။

သူတို့ဟာ အနီးနားက ဇွန်ဘီတွေရဲ့
အရေအတွက်နဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့ပြီး
နောက်ဆုံးမှာတော့ လူတိုင်းနီးပါး
ပြေးထွက်လာခဲ့ပါတယ်။

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Hikayelerin yaşadığı yer. Şimdi keşfedin