အခန်း ၃၁ နောက်ဆုံးတစ်ကိုယ်ကောင်းဆန်မှု

919 105 0
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွား
ဘာသာပြန်စာရေးသူ - Violet M
အခန်း 31 ' နောက်ဆုံးတစ်ကိုယ်ကောင်းဆန်မှု '

လီမင်ဟန် က သူ့ကို စူးရှတဲ့  မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ တိတ်တဆိတ် ငြင်းဆန်လိုက်ပါတယ်

ချောင်ရှစ်ချီက လီမင်ဟန် ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ
"အလောင်းကို ဖျောက်ပစ်ဖို့ သတိရနော် " ဟု ပြုံးပြုံးရွှင်ရွှင် ပြောခဲ့ပါတယ်

ခေါင်းကို လှည့်ကာ လူအုပ်ကြီးဆီသို့ လှမ်းကြည့်သော်လည်း ဒါက သနားစရာကောင်းလှပါတယ်

အချိန်အတော်ကြာပြီးနောက် အမှောင်ထဲမှ သက်ပြင်းချသံ ထွက်ပေါ်လာခဲ့ပါတယ်

"ရှောင်ဟန်  နောက်ဆုံးတစ်ကြိမ် ငါတစ်ကိုယ်ကောင်းဆန်ပါရစေ။"

...

လီမင်ဟန်သည် လူအုပ်ဆီသို့ တစ်ယောက်တည်း ပြန်လာခဲ့ပါတယ်
ဖူချန်ချန် က သူ့နောက်ကို လှမ်းကြည့်တော့ ဘယ်သူမှ မရှိတော့ဘူး

သူ့အခြေအနေက သိပ်မကောင်းဘူး
ဖူချန်ချန်  က လီမင်ဟန် ရဲ့ ရှားရှားပါးပါး စိတ်ရှုပ်ထွေးတဲ့အမူအရာကိုကြည့်ပြီး
သူ့မအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲမသိဘူး

သူ ဘာဖြစ်သွားတာလဲ ချောင်ရှစ်ချီ က ဘာဖြစ်သွားတာလဲ။

ဒါတွေက သူတို့စိတ်ထဲမှာ မေးခွန်းတွေပဲ။

သို့သော် သူတို့က  နောက်ထပ်မေးခွန်းများမမေးတော့ဘဲ အကြောင်းအရာကိုပြောင်းကာ
တုကျစ်မင် ၏မေးခွန်းကို တိုးတိုးလေးဆွေးနွေးခဲ့ပါတယ်

တုကျစ်မင်ဟာ သူ့ ၏ဒုတိယစွမ်းရည်ကို အတိုချုံးပြသခဲ့ပြီး ဖူချန်ချန် ဟာ ဇွန်ဘီ တွေ များ၏ဆင့်ကဲဖြစ်စဉ်ကို ရှင်းပြခဲ့ပြီး လူတွေ ဂရုမစိုက်သည့်အချိန်တွင်
ရှာဖွေတွေ့ရှိခဲ့သော ဇွန်ဘီ သလင်းကျောက်ကို ထုတ်ယူခဲ့ပါတယ်

ပါဝါအသုံးပြုသူတိုင်းသည် ၎င်း၏ခန္ဓာကိုယ်ရှိ ပါဝါသလင်းကျောက်ကို ရိပ်မိနိုင်ပြီး သိမ်မွေ့သောကွဲပြားမှုများမှလွဲ၍ သူ့ရှေ့ရှိ ဖုတ်ကောင်သလင်းကျောက်သည် အကြမ်းဖျင်းအားဖြင့် လူသားများပိုင်ဆိုင်သည့်အရာနှင့် အတူတူပင်ဖြစ်ပါတယ်

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now